Published
Thursday, October 05, 2017
ကရင်နီဘာသာ အစီအစဉ် (အောက်တိုဘာလ ၀၅၊ ၂၀၁၇)
ဘိန်းစိုက်ပျိုးမှု ပပျောက်ဖို့အတွက် အစိုးရက လမ်းပန်းဆက်သွယ်ရေးနဲ့ သင့်တော်တဲ့အစားထိုးသီးနှံတွေ ထောက်ပံ့စေချင်တယ်လို့ ဒီးမော့ဆိုမြို့နယ် လိုဘာခိုကျေးရွာအုပ်စုက တောင်သူတွေက ပြောဆိုလိုက်ပါတယ်။
တရားဥပဒေချိုးဖောက်နေသူတွေထဲမှာ အစိုးရဝန်ထမ်းတွေ ပါဝင်မှု များနေတယ်လို့ ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။
ဒီးမော့ဆိုမြို့နယ်ရဲ့ အထင်ကရတစ်ခုဖြစ်တဲ့ ငွေတောင်ဆည်အနီး ဗိုလ်တည်းလို့ အများသိရှိထားတဲ့ ပန်းခြံနေရာကို resort အဖြစ် ပြုလုပ်ဖို့ စတင်စီစဉ်နေတယ်လို့ သိရပါတယ်။
လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကာလမှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ပြည်နယ်အစိုးရအကြားမှာ ပူးပေါင်းဆောင်ရွက်ဖို့ အကန့်အသတ်တွေ ရှိနေတယ်လို့ ပြောပါတယ်။







