Published
Monday, October 02, 2017
မြန်မာဘာသာ အစီအစဉ် (အောက်တိုဘာလ ၀၁၊ ၂၀၁၇)
အမျိုးသမီးငြိမ်းချမ်းရေးဖိုရမ် Women’s Peace Forum ကို ကရင်ပြည်နယ် ဖားအံမြို့မှာ ကျင်းပခဲ့ကြပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ကဏ္ဍတိုင်းမှာ အမျိုးသမီး ၃၀ ရခိုုင်နှုန်း ပါ၀င်ခွင့်ရရှိဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်က အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာ အကြမ်းဖက်သမား ၄ ထောင်လောက် ပါဝင်ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တွေမှာ ပြောဆိုခဲ့ပါတယ်။
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်က တောင်ကလေးကျောက်တောင် ကျောက်ထုတ်လုပ်ငန်းက ထိခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေက အစိုးရတာဝန်ရှိသူတွေဆီ စာရေးသားတိုင်ကြားလိုက်ပါတယ်။






