Published
Wednesday, September 27, 2017
ကရင်ဘာသာ အစီအစဉ် (စက်တင်ဘာလ ၂၇၊ ၂၀၁၇)
"နိုင်ငံရေးစွမ်းရည် မြှင့်တင်ဖို့ ရည်ရွယ်ပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်ရုံးမှာ (၄)ကြိမ်မြောက် အခြေခံနိုင်ငံရေးသင်တန်းတစ်ခု ကျင်းပခဲ့ပါတယ်။
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်က တောင်ကလေးကျောက်တောင် ကျောက်ထုတ်လုပ်ငန်းက ထိခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေက အစိုးရတာဝန်ရှိသူတွေဆီ စာရေးသားတိုင်ကြားလိုက်ပါတယ်။
စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ကရင်တစ်မျိုးသားလုံးက လိုလားတောင့်တနေကြောင်း ပြသတဲ့အနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ (World Peace Day)ကို ကရင်ပြည်နယ်မြောက်ပိုင်းက ဖာပွန်ခရိုင်မှာ ကျင်းပခဲ့ပါတယ်။"






