Published
Monday, September 25, 2017
မွန်ဘာသာ အစီအစဉ် (စက်တင်ဘာလ ၂၅၊ ၂၀၁၇)
မော်လမြိုင်မြို့ပေါ်မှာ အမျိုးသမီးလိင်လုပ်သား ၄ ထောင်ကျော်ရှိနေတဲ့အထဲမှာ အသက်အရွယ်မပြည့်တဲ့ မိန်းကလေးတွေပါဝင်နေတယ်လို့ တော်ဝင်ပန်းအဖွဲ့ရဲ့ စီမံချက်လေ့လာမှုက တွေ့ရှိထားပါတယ်။
အစေးမထွတ်တော့တဲ့ ရာဘာအပင်ဟောင်း(အို)တွေကို သစ်လုံးအရည်အသွေးပေါ်မူတည်ပြီး တစ်တန်ကို ၄ သောင်းကျပ်ကျော်ကနေ ၉ သောင်းကျပ်အထိ ရောင်းနှုန်းရနေပါတယ်။
MCL ကျောက်မိုင်းဖောက်ခွဲမှုအရှိန်ကြောင့် ကွဲအက်သွားတဲ့ ကျောင်းဆောင် အဆောက်အဦတွေကို ပြန်လည်ပြုပြင်ပေးမယ်လို့ MCL စက်ရုံမန်းနေဂျင်း ဒါရိုက်တာက ပြောပါတယ်။






