Published
Monday, August 14, 2017
မြန်မာဘာသာ အစီအစဉ် (သြဂုတ်လ ၁၃၊ ၂၀၁၇)
စက်တင်ဘာလအတွင်း အကူအညီ အထောက်အပံ့တွေ လုံးဝပြတ်တောက် သွားတော့မယ့် အီတူးထာ့ ပြည်တွင်းစစ်ရှောင် IDPs တွေအတွက် အကူအညီတွေ ဆက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ရှမ်းပြည်နယ်မှာတော့ ပြစ်မှုစွပ်စွဲခံထားရတဲ့ မရှိဆင်းရဲသားတွေကိုု ကူညီဖို့ ဆိုုပြီး တရားမျှတမှုစင်တာတစ်ခုု တောင်ကြီးမြို့မှာ ဖွင့်လှစ်လိုုက်ပါတယ်။ ကချင်ပြည်နယ်ထဲက ပူတာအိုစစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်နေကြတဲ့ ဒေသခံတွေရဲ့ မူလအိမ်ခြံမြေယာတွေမှာ လုပ်ငန်းရှင်တချို့က တရားမဝင် ရွှေတူးဖော်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောဆိုုပါတယ်။






