Published
Sunday, July 02, 2017
မြန်မာဘာသာ အစီအစဉ် (ဇူလိုင်လ ၀၂၊ ၂၀၁၇)
ညီညွှတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ရဲ့ ခေါင်းဆောင်သစ်တွေကိုု ထိုုင်းနိုုင်ငံ ချင်းမုုိင်မြို့မှာ ကျင်းပခဲ့တဲ့ ဒုုတိယအကြိမ် ညီလာခံကနေ အသစ်ပြန်လည်ရွေးချယ်လိုုက်ကြပါတယ်။
ကရင်ပြည်နယ်ထဲမှာ တပ်သိမ်းလယ်မြေတွေကို ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီက မူလပိုင်ရှင်ဆီ ပြန်ပေးလိုက်ပြီဖြစ်ပေမယ့် လက်ရှိ အချိန်ထိ ပြန်လည်လုပ်ပိုင်ခွင့် မရရှိသေးဘူးလို့ လယ်သမားတွေက ပြောပါတယ်။
ရခိုင်ပြည်ကျောင်းသားသမဂ္ဂတစ်ခု ပေါ်ပေါက်လာနိုင်ဖို့နဲ့ ရခိုင်တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေ အချင်းချင်း ကူညီနိုင်ဖို့အတွက် စစ်တွေတက္ကသိုလ်မှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။






