Published
Monday, October 31, 2016
မွန်ဘာသာ အစီအစဉ် (အောက်တိုဘာ ၃၁၊ ၂၀၁၆)
သံဖြူဇရပ်မြို့အနီး ဝဲကလိ တပ်မတော်စစ်သင်တန်းကျောင်းက စစ်သင်တန်းလေ့ကျင့်ရေးက လက်နက်ကြီးပေါက်ကွဲသံတွေကြောင့် အနီးပတ်ဝန်းကျင်မှာရှိနေတဲ့ ခြံလုပ်ကိုင်သူတွေ ကြောက်လန့်ပြီး တိမ်းရှောင်နေရပါတယ်။ ရေဖြူမြို့နယ်က မွန်ပြည်သစ်ပါတီစခန်းတစ်ခုကို KNU က လက်နက်ငယ်နဲ့ အဝေးကနေ လှမ်းပြီးပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ မုဒုံမြို့နယ် ကွမ်ကဗွီးနဲ့ ထုံးမံတို့ လယ်ယာလုပ်ငန်းခွင်သွားရောက်နိုင်အောင် လမ်း ဖောက်လုပ်ပေးဖို့ လယ်သမားတချို့ တောင်းဆိုလိုက်ပါတယ်။






