မော်လမြိုင်မြို့၊ ရာမညဟိုတယ်တွင် အောက်တိုဘာလ ၁၇ ရက်နေ့ကပြုလုပ်သည့် ဖားဘောင်တောင်တန်းဒေသထိန်းသိမ်းရေး လုပ်ငန်းစဉ် အဆင့်ဆင့် ချမှတ်နိုင်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲတွင် ၄င်းကယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေသခံပြည်သူများ အနေဖြင့် မိမိတို့ ပတ်ဝန်းကျင်ရှိ သယံဇာတများကို ထိန်းသိမ်းမှသာ တရားမဝင် ထုတ်လုပ်မှု လျော့နည်းလာမည်ဖြစ်ကြောင်း၊ သစ်တောသယံဇာတများကို ထိန်းသိမ်းနိုင်ရန်အတွက် ပြည်ပနိုင်ငံများနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်းကာ မြန်မာနိုင်ငံအတွင်း မွန်ပြည်နယ် အပါအဝင် ပြည်နယ်သုံးခုကို ရွေးချယ်ထားကြောင်း ၄င်း က ဖြည့်စွက်ပြောဆိုသည်။
မွန်ပြည်နယ်တွင် ကျိုက်မရောမြို့နယ်ရှိ ဖားဘောင်တောင်နှင့် ဖားဘောင်ဒေသလှိုဏ်ဂူတော်ရှိ သယံဇာတများကိုလည်း ထိန်းသိမ်းသွားမည်ဖြစ်ပြီး ပြည်သူများ ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ゞင်းက ပြောသည်။



