မော်​လ​မြိုင်​မြို့​ပေါ်​ရပ်​ကွက်​အ​ချို့​တွင် ​ကိုယ်​ထူ​ကိုယ်​ထ ​အ​မှိုက်​ပုံး​များ​ထား​ရှိ

မော်​လ​မြိုင်​မြို့​ပေါ်​ရပ်​ကွက်​အ​ချို့​တွင် ​ကိုယ်​ထူ​ကိုယ်​ထ ​အ​မှိုက်​ပုံး​များ​ထား​ရှိ
by -
ဟင်္သာမီဒီယာ
မွန်​ပြည်​နယ် ​မော်​လ​မြိုင်​နယ်​မြို့​ပေါ် ​ရပ်​ကွက်​အ​ချို့​ရှိ ​ရပ်​ကွက်​နေ​ပြည်​သူ​များ​က ​ကိုယ်​ထူ​ကိုယ်​ထ​စ​နစ်​ဖြင့် ​အ​မှိုက်​ပုံး​များ​လိုက်​လံ​ထား​ရှိ​ပေး​နေ​ကြောင်း ​မ​ရမ်း​ကုန်း​ရပ်​ကွက်​နေ ​ဦး​အေး​ကျော်​က ​ဟင်္သာ​သို့​ပြော​သည်။

“ ​အ​မှိုက်​ပုံး​တွေ​ထား​ရှိ​ခြင်း​အား​ဖြင့် ​အ​မှိုက်​ပစ်​တဲ့​အ​ခါ​ကျ​ရင်​စ​နစ်​တစ်​ကျ​နဲ့ ​အ​လေ့​အ​ကျင့်​ကောင်း​တွေ ​ဖြစ်​သွား​ရ​အောင်​နဲ့ ​ကျွန်​တော်​တို့​မျိုး​ဆက်​သစ်​က​လေး​ငယ်​တွေ ​အ​တွက်​စံ​ပြ​ဖြစ်​ရ​အောင် ​ရပ်​ကွက်​က​လူ​တွေ ​ဦး​ဆောင်​ပြီး​လုပ်​တာ​ပါ” ​ဟု ​ဦး​အေး​ကျော်​က ​ဆို​သည်။

​အ​မှိုက်​ပုံး​ထား​သည့်​နေ​ရာ​အ​တွက် ​မြေ​ပုံ​ကြမ်း​ကို​ စည်​ပင်​ထံ​ပေး​ပို့​ထား​ပြီး ​နေ​အိမ်​များ​က ​စွန့်​သော​အ​မှိုက်​များ ​ကို​လာ​ရောက်​သိမ်း​ဆည်း​ပေး​ရန် ​ညှိ​နှိ်ုင်း​ထား​ကြောင်း ​အ​မှိုက်​ပုံး​ထား​ရှိ​ရေး ​ဦး​ဆောင်​သူ​များ​က​ပြော​သည်။

အ​မှိ်ုက်​ပုံး​များ​ကို ​စ​နစ်​တစ်​ကျ ​ထိန်း​သိမ်း​ပေး​နိုင်​သည့် ​အိမ်​များ၊​ကွမ်း​ယာ​ဆိုင်​များ​နှင့် ​အ​မှိုက်​ထွက်​ရှိ​မှု​အ​များ​ဆုံး ​နေ​ရာ​များ​အ​နီး​တွင် ​အ​ဓိ​က ​ချ​ပေး​သွား​မည်​ဖြစ်​ကြောင်း ​ဦး​အေး​ကျော်​က ​ဆက်​လက်​ပြော​ဆို​သည်

ပ​ထ​မ​ဆုံး​အ​ဖြစ် ​ပန်း​ပဲ​တန်း​နှင့် ​မ​ရမ်း​ကုန်း​ရပ်​ကွက်​များ​အ​တွင်း ​အ​မှိုက်​ပုံး ၂​ဝ​ခန့်​စီ​ထား​ရှိ​ပြီး ​တောင်​ရိုး​တန်း​နှင့် ​လူ​စည်​ကား​ရာ​နေ​ရာ​များ၊ ​စာ​သင်​ကျောင်း​များ​တွင်​လိုက်​လံ​ထား​ရှိ​ရန်​စီ​စဉ်​နေ​ကြောင်း ​၎င်း​တို့​ထံ​မှ ​သိ​ရ​သည်။