ရဲတပ်ဖွဲ့သုံးယာဉ်များ ဝယ်ယူရာတွင် ပြည်ပချေးငွေဖြင့်သာ ဝယ်ယူရန်သာ လမ်းညွှန်ခဲ့ဟုဆို

ရဲတပ်ဖွဲ့သုံးယာဉ်များ ဝယ်ယူရာတွင် ပြည်ပချေးငွေဖြင့်သာ ဝယ်ယူရန်သာ လမ်းညွှန်ခဲ့ဟုဆို
by -
မဇ္ဈိမ
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သုံးယာဉ်များ ဝယ်ယူရာတွင် ပြည်ပချေးငွေအထောက်အပံ့ဖြင့်သာ ဝယ်ယူရန် လမ်းညွှန်ခဲ့ကြောင်း ပြည် ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောသည်။

ထို့ကြောင့် ရဲတပ်ဖွဲ့သုံးယာဉ်များ ဝယ်ယူဖို့အတွက် ပြည်ထဲရေးရေးဝန်ကြီးဌာနသည် အမျိုးသား စီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံခြားစီးပွားရေးနှင့် ဆက်သွယ်ရေးဦးစီးဌာနမှ တစ်ဆင့် တရုတ်နိုင်ငံ ပို့ကုန်သွင်းကုန်ဘဏ်နှင့် ချိတ်ဆက်၍ ချေးငွေ ရယူရန် ဆောင်ရွက်ခဲ့ကြောင်း ဒီဇင်ဘာလ ၁ရက်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ဒုဝန်ကြီးဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောသည်။   

မော်တော်ယာဉ်များ ဝယ်ယူရန်အတွက် ပြည်ထဲေရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံကုန်သွယ်မှု ဘဏ်ဖြင့် ချေးငွေစာချုပ်ကို ၂၈.၈.၂၀၁၅ ရက်နေ့တွင် ချုပ်ဆိုခဲ့ကြောင်းနှင့် ဝယ်ယူထားသည်   မော်တော်ယာဉ်(၉၈၅)စီးနှင့် ယာဉ်ကြီး(၈)စီးအနက် မော်တော်ယဉ်(၉၈၅)စီးကို ရောက်ရှိလက် ခံထားပြီးဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

“အဲ့ဒီအထဲကယာဉ်ငယ်တွေဟာ ဂျပန်နိုင်ငံကနေပြီးတော့ ၂၀၁၄ခုနှစ်ထုတ်တဲ့ ယာဉ်ငယ်များကို ဝယ်ယူခဲ့ခြင်း ဖြစ်ပါတယ်၊ ကျန်ယာဉ်(၈)စီးအတွက်ကတော့ လက်ခံနိုင်ရေးဆောင်ရွက်နေဆဲ ဖြစ်ပြီးတော့ လက်ရှိ ဘဏ္ဍာရေးနှစ်အတွင်းမှာ အပြီးအပြတ် လက်ခံနိုင်ရေးဆောင်ရွက်သွားမှာပါ"ဟု ဒုဝန်ကြီးဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောသည်။

ရဲတပ်ဖွဲ့အတွက် မော်တော်ယာဉ်များဝယ်ယူရာတွင် တရုတ်နိုင်ငံ၏ ပို့ကုန်သွင်းကုန်ဘဏ်မှ မော်တော်ယဉ်များ တင်သွင်းမည့် တရုတ်နိုင်ငံအစိုးရပိုင်ကုမ္ပဏီဖြစ်သည့် China National နည်းပညာနှင့် ပို့ကုန်သွင်းကုန်ကုမ္ပဏီအား ပြည်ထဲရေး ၀န်ကြီးဌာန ရွေးချယ်၍ မော်တော်ယဉ် ဝယ်ယူပေးရန် အကြောင်းပြန်ကြားခဲ့ကြောင်း ဒုဝန်ကြီးက ပြောသည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...