နိုင်ငံခြားငွေစျေးတက်၍ ဝန်ကြီးဌာနများ ဖြည့်စွက်ရန်ပုံငွေ တိုးတောင်းရခြင်းဖြစ်ဟုဆို

နိုင်ငံခြားငွေစျေးတက်၍ ဝန်ကြီးဌာနများ ဖြည့်စွက်ရန်ပုံငွေ တိုးတောင်းရခြင်းဖြစ်ဟုဆို
by -
မဇ္ဈိမ
နိုင်ငံခြားငွေ လဲလှယ်နှုန်း မြှင့်တက်မှုကြောင့် ဝန်ကြီးဌာနအများစုမှ ဖြည့်စွက် ရန်ပုံငွေ တိုးမြှင့်တောင်ခံ ရခြင်းဖြစ်ကြောင်း ဒီဇင်ဘာလ ၂ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုအဆင့် ဝန်ကြီးများက ရှင်းလင်းတင်ပြခဲ့ကြသည်။

တိုးမြှင့်တောင်ခံရသည့် ငွေလုံးငွေရင်း အသုံးစားရိတ်များသည် မလွှဲမရှောင်သာဖြစ်ပေါ်လာသည့် နိုင်ငံငွေလဲလှယ်မှုနှုန်းထား စျေးတက်ခြင်းကြောင့် တောင်ခံ ရခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ်က ရှင်းလင်းခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာနသည် ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်တွင် ဖြည့်စွက်ရန်ပုံငွေ တောင်းခံငွေ စုစုပေါင်း ကျပ်သန်း (၄၆၈၄.၈၈၄) တောင်းခဲ့ပြီး ယခုနှစ်ဘဏ္ဍာနှစ်အတွင်း ဖြည့်စွက်ရန်ပုံငွေ (၁၈.၉၁)ရခိုင်နှုန်း တောင်းခံသည့် ဝန်ကြီးဌာနဖြစ်သည်။

အလားတူ သမဝါယမလုပ်ငန်းများမှ ပေးဆပ်ရမည့် အတိုးငွေ အမေရိကန်ဒေါ်လာ(၁၇.၄၀၆)သန်း အတွက် မြန်မာကျပ်ငွေဖြင့် မူလတွက်ချက်လျာထားစဉ်က ကျပ်သန်းပေါင်း(၁၇၇၅၄.၅၈၀) လျာထားခဲ့ ပြီး လက်ရှိတွင် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း စျေးမြင့်တက်ခြင်းကြောင့် လိုငွေကျပ်သန်း (၂၄၂.၂၂၈) မူလ လျာထားချက်ထက် ဖြည့်စွက်တောင်ခဲ့ရခြင်းဖြစ်ကြောင်း သမဝါယမဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်းက ရှင်းလင်းတင်ပြခဲ့သည်။

အလားတူ ကာကွယ်ရေးဝန်ကြီးဌာန၊ လယ်စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့သည် ငွေလှဲနှုန်း စျေးမြင့်တက်မှုကြောင့် ယင်းဌာနများအတွက် ထပ်မံငွေများဖြစ်ပေါ်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်တွင် ဖြည့်စွက် ရန်ပုံငွေ၌ တိုးမြှင့်တောင်းခံရခြင်းဖြစ်ကြောင်း ဝန်ကြီးများက ရှင်းလင်းတင်ပြခဲ့ကြသည်။

ကာကွယ်ရေးဝန်ကြီးဌာနသည် ဖြည့်ရန်ပုံငွေတောင်ခံမှုတွင် (၁၅.၁၇)ရာခိုင်နှုန်းရှိကြောင်း သိရပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် (၁၅.၂၇)ရာခိုင်နှုန်း တောင်းခံခဲ့သည့် ဝန်ကြီးဌာနဖြစ်သည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...