အာဏာကို ချောမွေ့စွာ လွှဲပြောင်းပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ကတိပေး

အာဏာကို ချောမွေ့စွာ လွှဲပြောင်းပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ကတိပေး
by -
မဇ္ဈိမ
ပြုပြင်ပြောင်းလဲမှု အဆုံးသတ်အောင်ပွဲအဖြစ် အာဏာကို ညင်သာချောမွေ့စွာ လွှဲပြောင်းပေးသွား မည်ဟု ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဦးသိန်းစိန်က ကတိပြုခဲ့ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြည်ထောင်စုဝန်ကြီးဦးရဲထွဋ်က ဒီဇင်ဘာလ ၂ ရက်နေ့တွင် သမ္မတ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

“ဒါဟာကျတော်တို ့ရဲ ပြုပြင်ပြောင်းလဲမှု အဆုံးသတ်အောင်ပွဲဖြစ်ပါတယ်။ ဒီအစဉ်အလာကောင်း တစ်ရပ်ကို ဝိုင်းဝန်းဆောင်ရွက် ဖို ့လိုပါတယ်”ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

အာဏာညင်သာစွာလွှဲပြောင်းရေး နှင့် နောင်ပေါ်ပေါက်လာမည့် အစိုးရကို တည်ငြိမ်စွာ တာဝန် လွှဲပြောင်းနိုင်ရေးအတွက် ပုဂ္ဂိုလ်အရေးအရသာမကဘဲ အစိုးရအဖွဲ ့အနေဖြင့်ပါ အာမခံနိုင်ကြောင်း ဦးရဲထွဋ်က ပြောသည်။

တွေ ့ဆုံဆွေးနွေးရာတွင် အသွင်ကူးပြောင်းရေးကာလ နိုင်ငံတော်အကြီးအကဲတာဝန်များကို စနစ်တကျ လွှဲပြောင်းပေးရန် နှင့် လွှဲပြောင်းပေးသည့် အစဉ်အလာတစ်ခုကို ထူထောင်ရန် ဆွေးနွေးခဲ့ ကြသည်။ ယင်းအပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ခြင်း မရှိကြောင်း သိရသည်။

အာဏာညင်သာချောမွေ့စွာ လွှဲပြောင်းပေးရေး နှင့် ပက်သက်၍ မည့်သည့်အချက်များကို ဆွေးနွေးခဲ့ သည်ဆိုသည်ကို ၎င်းအနေဖြင့် ပြောဆိုခွင့်မရရှိခဲ့သည့်အတွက် ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ခဲ့သည်။

"ဒါတွေကလိုအပ်တဲ့အချိန်မှာ ပြည်သူလူထုကိုလိုအပ်သလို ကျွန်တော်တို ့ထုတ်ပြန်ပေးသွားမှာပါ။ ခုဟာ လူကြီးချင်းက ဒီလောက်ပဲပြောခွင့်ပြုထားတဲ့အတွက် ကျန်တဲ့အသေးစိတ်ထုတ်ပြောလို့ မရပါဘူး”ဟု ဦးရဲထွဋ်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်(NLD) ပါတီသည် ပြီးခဲ့သည့် နိုင်ဘာလ ၈ရက် ရွေးကောက်ပွဲတွင် အစိုးရတစ်ရပ်ဖွဲ့နိုင်သည် ထက် ကျော်လွန်ကာ အနိုရရှိခဲ့ပြီးနောက် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု လွှတ်တော် နာယက နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ သုံးဦး တွေ ့ဆုံဆွေးနွေးခွင့် တောင်းဆို ခဲ့ပြီး ပြည်ထောင်စုလွှတ်တော် နာယက ဖြစ်သူ သူရဦးရွှေမန်း နှင့် အစောဆုံးတွေ့ဆုံခဲ့ပြီး ဒီဇင်ဘာ ၂ ရက်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် သမ္မတ အိမ်တော်၌ ဦးစွာ တွေ့ဆုံခဲ့သည်။ နေ့ လယ်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...