အဆိုပါ တည်ဆောက်ဆဲ အဆောက်အဦး(၅၅၈)လုံးတွင် တန်ဖိုးသင့်၊ တန်ဖိုးနည်း၊ တန်ဖိုးမြင့်အိမ်ရာ များဝင်ပြီး အားလုံးတည်ဆောက်ပြီးဆီးပါက တန်းဖိုးသင့်အခန်းရေအတွက်(၆၈၂၉)ခန်း၊ တန်ဖိုးနည် အခန်အးရေအတွက်(၁၁၁၆၀)ခန်းနှင့် တန်းဖိုးမြင့်အခန်း အရေအတွက် (၄၃၈၂)ခန်း ရရှိမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန သိရသည်။
“တန်ဖိုးနည်းအိမ်ရာ၊တန်းဖိုးသင့်အိမ်ရာ၊တန်ဖိုးမြင့်အိမ်ရာတွေ ဒီလိုဟာတွေကိုတည်ဆောက်ပြီးတော့ အငှားချတာလည်းရှိမယ်၊အပြတ်ရောင်းချတဲ့ စနစ်လဲရှိမယ် ပြီးရင် အရစ်ကျပေချေစနစ်နဲ့ ကျွန်တော် တို့မှာ ဘဏ်နဲ့ ချိတ်ဆက်ပြီတော့ ရောင်းတာရှိမယ်“ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ ဆောက်ရွက်ဆဲ အိမ်ရားစီမံကိန်များကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ပုဂ္ဂလိကဆောက်လုပ် ရေးကုမ္မဏီများနှင့် အကျိုးတူတည်ဆောက်လျှက်ရှိကြောင်းသိရပြီး အဆောက်အဦးအလုံးရေ (၃၀၀) ရာကျော် သည် မြေပြင်ရှင်းလင်းမှု ပြီးစီးသည့် အဆင့်သာရှိသေးကြောင်း ယင်းဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။







