ယင်းသို့ တွေ့ဆုံရာတွင် အသွင်ကူးပြောင်းရေးကာလအတွင်း မြန်မာနိုင်ငံကို နိုင်ငံတကာမှ ပူးပေါင်းပါဝင်ကူညီရန် ပြောကြားခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံအခြေစိုက် အမရေိကန်နိုင်ငံ၊ ယူကေ၊ တရုတ်၊ ကိုရီးယား အပါအဝင် သံရုံး ၄၀ကျော်က သံတမန်များ(၅၅)ဦးနှင့် တွေ့ ဆုံခဲ့ရာတွင် "ပူးပေါင်းပါ၀င်ကူညီဖို့ အဲ့ဒါတော့ တောင်းဆိုတာ ရှိပါတယ်"ဟု ဆွေးနွေးပွဲတွင် တက်ရောက်ခဲ့သည့် ကျားခေါင်းပါတီမှ ဦးစိုင်းဘိုးအောင်က သတင်းထောက်များကို ပြောသည်။
ဆွေးနွေးပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်တစ်ဦးနှင့် ကျားခေါင်းပါတီမှ ဦးစိုင်းဘိုးအောင် တို့တက်ရောက်သည်ကို တွေ့မြင်ရပြီး တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဝင်များ တက်ရောက်သည်ကို မတွေ့ရပေ။
တွေ့ဆုံဆွေးနွေးပွဲသို့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ အတွင်းရေးမှူး ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး တရားဥပဒေ စိုးမိုးရေးကိစ္စများနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးသွားမည်ဟုဖြစ်ကြောင်း National League Democracy ဖေ့ဘုတ်စာမျက်နှာတွင် သတင်းထုတ်ပြန်ထားသည်။
ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် သံတမန်များမှ ရွေးကောက်ပွဲမတိုင်ကာလ ရွေးကောက်ပွဲအခြေ အနေများနှင့် ရွေးကောက်ပွဲ အလွန်ကာလ အခြေအနေများကို ဒေါ်အောင်ဆန်းဆုကြည်အား ဆွေးနွေး တင်ပြခြင်း၊ မေးမြန်းခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း ဦးစိုင်းဘိုးအောင်က ပြောသည်။







