အကြွေးမဆပ်၍ ရှမ်းပြည်နယ်လွှတ်တော်ဝန်ထမ်းအချင်းချင်း လူသတ်မှုကျူးလွန်

အကြွေးမဆပ်၍ ရှမ်းပြည်နယ်လွှတ်တော်ဝန်ထမ်းအချင်းချင်း လူသတ်မှုကျူးလွန်
by -
သျှမ်းသံတော်ဆင့်
ရှမ်းပြည်နယ်လွှတ်တော်ရုံးအကြီးတန်းစာရေး အသက် ၂၈ နှစ်ရှိ စိုးမင်းအောင်​(ခ)ရိုမီ
ရှမ်းပြည်နယ်လွှတ်တော်ရုံးအကြီးတန်းစာရေး အသက် ၂၈ နှစ်ရှိ စိုးမင်းအောင်​(ခ)ရိုမီ
သျှမ်း(ရှမ်း)ပြည်နယ်လွှတ်တော်ရုံးမှ အငယ်တန်းစာရေးဖြစ်သူက အကြီးတန်းစာရေးဖြစ်သူကို ငွေကြေးအကြွေးကိစ္စကြောင့် ဓါးဖြင့်ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း သျှမ်းပြည်နယ်လွှတ်တော် အသိုင်းအဝိုင်းထံမှသိရသည်။

သေဆုံးသူမှာ သျှမ်းပြည်နယ်လွှတ်တော်ရုံးအကြီးတန်းစာရေး အသက် ၂၈ နှစ်ရှိ စိုးမင်းအောင်(ခ)ရိုမီ ဖြစ်ပြီး ဓါးဖြင့်ထိုးသတ်သူမှာ တစ်ရုံးတည်းအတူအလုပ်လုပ်သော အငယ်တန်းစာရေး တဦးဖြစ်သည်ဟု သေဆုံးသူ မိသားစုဝင်များကပြောသည်။

“ရိုမီကို အကြွေးပေးစရာရှိတာမပေးနိုင်လို့ သတ်ပစ်တာတဲ့။ သူကတော့ ၂ ရက်လုံး ဟန် မပျက်လွှတ်တော်ရုံးတက်နေတယ်” ဟု သေဆုံးသူ၏ အစ်မတော်စပ်သူ ကပြောသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် တောင်ကြီး ဆေးတက္ကသိုလ် အနီးရှိ အမှိုက် ပုံဘေးတွင် သေဆုံးသူ စိုးမင်းအောင်(ခ) ရိုမီ၏ အလောင်းကို တွေ့ရှိခဲ့သည်ဟု ၎င်းကဆိုသည်။

“အောက်တိုဘာ ၁၀ ရက်နေ့ကတည်းက သူပျောက်သွားတယ် ၊ ရဲစခန်းမှာလည်းလူပျောက် တိုင်ထားတယ်။ မနေ့ညက မြို့ပြင် ဆေးကျောင်းနားမှာ လူသေအလောင်း တွေ့တယ် ဆိုလို့ ကျနော်တို့ သွားကြည့်တာရိုမီဖြစ်နေတယ်။ ကျောကုန်းမှာဓါးထိုးခံထား ရတဲ့ပုံပဲ မျက်နှာမှာလဲ ဒဏ်ရာတွေနဲ့ ခြေထောက်တစ်ဖက်က မရှိတော့ဘူး ။ ခွေးကိုက်ထားတဲ့ဒဏ်ရာနဲ့ ” ဟု သေဆုံးသူ၏ ဆွေမျိုးတော်စပ်သူ ကိုဆက်ပိုင် ကပြောသည် ။

စိုးမင်းအောင်(ခ) ရိုမီ အား သတ်ဖြတ်သူသည် အသက် ၂၈ နှစ်ရှိ ညီညီထွန်း အငယ်တန်းစာရေး ဖြစ်သည်ဟု စွဲစွဲထားသည့်အားလျော်စွာ ၎င်းအား ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် တောင်ကြီး မြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။ ၎င်းတို့ ၂ ဦးစလုံးမှာ တောင်ကြီးဒေသခံ များဖြစ်ကြသည်။

Most read this week

December 17, 2025
နေ့စဉ်နှင့်အမျှ ကြီးထွားလာနေသည့် ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်မှု ကိစ္စများကြောင့်...
December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...
December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...