၀ တပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များ ညီလာခံ ဒုတိယနေ့ ဆက်မတက်

၀ တပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များ ညီလာခံ ဒုတိယနေ့ ဆက်မတက်
by -
သျှမ်းသံတောဆင့်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် ဖွင့်ပွဲရက်တက်ရောက်ပြီးနောက် ၀ တပ်ဖွဲ့ဦးဆောင်သည့် မဟာမိတ်အဖွဲ့ ရ ဖွဲ့သည် ညီလာခံဒုတိယရက်တွင် ဆက်မတက်တော့ကြာင်းသိရသည်။

အထူးဖိတ်ကြားခြင်းခံရတယ်ဆိုပေမယ့် ဆွေးနွေးဖို့အတွက် တန်းတူညီမျှတဲ့အခွင့်အရေး မရဘူး။နောက်တချက်က တပ်ချုပ်ကြီးပြောသွားတဲ့အချက်တွေထဲမှာ ဘဝင် မကျတဲ့အချက်တွေပါတယ်။ - ဟု အဖွဲ့ ရ ဖွဲ့မှ အရာရှိတဦးကပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က NCA လမ်းကြောင်းကို လျစ်လျူရှု၍ အခြားလမ်းကြောင်း၊ နောက်ထပ်လမ်းကြောင်း၊ ဒုတိယလမ်းစဉ်ဆိုသည့် အခေါ် အဝေါ်များ သုံးစွဲ လုပ် ဆောင်နေခြင်းသည် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေသော ပြည်ထောင်စုစနစ် တည်ဆောက် ရေးကို မလိုလားခြင်းသာ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖယ်ဒရယ်ပြည် ထောင်စုတည်ဆောက်ဖို့ NCA လမ်းကြောင်းကို လျှောက်လှမ်းရာတွင်လည်း တပ်မတော်၏ ငြိမ်းချမ်းရေးမူ (၆) ရပ် နှင့်အညီ ခိုင်မာစွာ ရပ်တည်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း (၂၁)ရာစုပင်လုံ(ဒုတိယအကြိမ်) အစည်း အဝေးမိန့်ခွန်းပြောကြား ရာတွင်ထည့် သွင်း ပြောကြားသွားသည် ။

၀ တပ်ဖွဲ့ညီလာခံမတက်ရောက်မှုတွင် ၀ နှင့်အတူ လိုက်ပါသော မဟာမိတ်အဖွဲ့ ရ ဖွဲ့လည်း ပါ၀င်ကြောင်းဆိုပါသည်။

“အားလုံးမပါဝင်တော့ ကျမတို့လည်း စိတ်မကောင်းဘူး။ ဥပမာ မြောက်ပိုင်းက ရ ဖွဲ့ဆိုရင်လည်း ကို်ယ့်နိုင်ငံသားဖြစ်ရဲ့သားနဲ့ တခြားနိုင်ငံက အကူညီနဲ့ လာရတယ်။ နိုင်ငံတော်အတွက် သိပ်က္ခာအရမ်းကျတယ်။ ဘာလို့လည်းဆိုတော့ ကိုယ့်နိုင်ငံက အစိုးရက ဘာလို့ မလုပ်ပေးတာလဲ။သူတို့ လုံခြံုရေးအတွက် အဲ့ဒီအတွက် ကျမတို့လည်း စိတ်မကောင်းဘူး။ နောက်ပြီး UNFC လည်းမလာနိုင်ဘူး ရှေ့ဆက် ငြိမ်းချမ်းရေးအလားအလာက အားပိုနည်းသွားသလို ခံစားရတယ်။ အားလုံးမပါလို့လေ”- ဟု သျှမ်းစီဘီအို မှ ယိင်းဟန်ဖှကပြောသည်။

လက်ရှိ ညီလာခံသို့ တက်ရောက်ရန်ဖိတ်ကြားခံရခြင်းမရှိသောကြောင့် မွန်းခေါင်းဆောင် နိုင်ငွေသိမ်း သျှမ်းခေါင်းဆောင် ခွန်ထွန်းဦးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အစိုးရနှင့်တိုင်းရင်းသားကြား သံတမန်အကျိုးတော်ဆောင် စဝ်ဟန်ယောင် ဟွေ့တို့လည်း ယခုညီလာခံသို့တက်ရောက်ခြင်းမရှိကြောင်း တိုင်းရင်းသားခေါင်းဆောင်များပြောသည်။

Most read this week

December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...