ဆွေးနွေးမှုမပြီးပြတ်သဖြင့် ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့ လာမည့်နိုဝင်ဘာ ၈ ရက်တွင် ပြန်လည်ဆွေးနွေးကြမည်

ဆွေးနွေးမှုမပြီးပြတ်သဖြင့် ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့ လာမည့်နိုဝင်ဘာ ၈ ရက်တွင် ပြန်လည်ဆွေးနွေးကြမည်
by -
မင်းအောင်ထူးနိုင်
ဦးဇော်ဌေး(PC) နှင့် နိုင်အောင််မငေး(DPN) တို့သတင်းစာရှင်းလင်းစဉ်(photo:MNA)
ဦးဇော်ဌေး(PC) နှင့် နိုင်အောင််မငေး(DPN) တို့သတင်းစာရှင်းလင်းစဉ်(photo:MNA)
ငြိမ်းချမ်းရေးကော်မရှင် Peace Commission-PC နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ Delegation for Political Negotiation-DPN တို့ တွေ့ဆုံဆွေးနွေးရာတွင် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (United Nationalities Federal Council-UNFC) မှ အဆိုပြုထားသော အချက် (၉) မပြီးပြတ်သောကြောင့် လာမည့် နိုဝင်ဘာ ၈ ရက်တွင် ပြန်လည်ဆွေးနွေးကြမည်ဟု သိရသည်။

ငြိမ်းချမ်းရေးကော်မရှင် PC နှင့် DPN တို့သည် အောက်တိုဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၄ ရက်အထိ ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ချမ်းချမ်းရေးဗဟိုဌာန NRPC တွင် သတ္တမအကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“၈ ရက်နေ့မှာ ကျွန်တော်တို့က ဆွေးနွေးမှုအနည်းငယ်မပြတ်သေးတဲ့ အဆိုပြုချက် ၅ ရဲ့ ဆွေးနွေးမှုအခြေအ နေက မပြတ်သေးဘူး။ ဒါကိုလဲ ကျွန်တော်တို့ ဆက်ပြီးဆွေးနွေးမယ်။ ကျန်တဲ့အချက်အလက်တွေကလည်း နည်းနည်းရှိသေးတယ်။ ဥပမာဆိုရင် ကျွန်တော်တို့ အဆိုပြုချက် ၂ ထဲမှာဆိုရင် ဒါကိုနည်းနည်း အဓိပ္ပာယ် ဖော်ပြချက်တို့လိုမျိုး နည်းနည်းရှိနေသေးတဲ့အတွက် ကျွန်တော်တို့ နိုဝင်ဘာလ ၈ ရက်မှာ ဆွေးနွေးဖို့ စဉ်းစား ထားပါတယ်” ဟု DPN အဖွဲ့ ဒုတိယခေါင်းဆောင် နိုင်အောင်မငေးက ပြောသည်။

ဆွေးနွေးရန် ကျန်ရှိနေသော အဆိုပြုချက်အမှတ် (၅) တွင် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုဆိုင်ရာ မူဘောင်အပါအ ၀င် နှစ်ဖက်လိုက်နာရမည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ တပ်ပိုင်းဆိုင်ရာကျင့်ဝတ် (CoC) ၊ စောင့်ကြည့်ရေး လုပ်ငန်းလမ်းညွှန် (ToR) နှင့် တပ်နေရာ ပြန်လည်နေရာချထားရေးတို့ကို ကြိုတင်သ ဘော တူညီမှုရယူရန် ဆိုသည့်အချက်ပင် ဖြစ်သည်။

“ကျွန်တော်တို့ ဒီ ၈ ချက်ထဲမှတော့ တော်တော်များများ ပြီးပြတ်သွားပြီ။ မပြီးပြတ်သေးတာက ဥပမာတစ်ပိုင်း တစ်စဖြစ်နေတာက နံပတ် ၅ ပေါ့။ အဲဒါအရေးကြီးတယ်။ အဲဒါက လုံးလုံးမပြတ်သေးတာပေါ့နော်။ ကျန်တာက တော့ ကျွန်တော်တို့ကြားထဲက အဓိပ္ပာယ်သတ်မှတ်ချက်တို့ စာလုံးဖော်ပြမှုတို့ နည်းနည်းအခက်အခဲ ဖြစ်နေ သေးတာပါ” ဟု နိုင်အောင်မငေးက ဆက်ပြောသည်။

ဆွေးနွေးရန် ကျန်ရှိနေခြင်းဆိုသည်မှာ အထူးသဖြင့် တပ်ပိုင်းဆိုင်ရာကိစ္စရပ်များအပါအဝင် ဆွေးနွေးရန် ပါရှိ သော အကြောင်းအရာ ၁၀ ချက်ကိုလည်း နိုဝင်ဘာ ၈ ရက်တွင် ဆွေးနွေးသွားမည်ဟု ငြိမ်းချမ်းရေးကော်မရှင်မှ ဦးဇော်ဌေးက ပြောသည်။

ယခုအစည်းအဝေးအပြီးတွင် ငြိမ်းချမ်းရေးကော်မရှင်မှ ဦးဇော်ဌေး၊ DPN အဖွဲ့ ဒုတိယခေါင်း ဆောင် နိုင်အောင်မငေးတို့က သတင်းစာရှင်းလင်းခဲ့ရာ တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရေးအတွက် ကျန်ရှိနေသေးသော ဆွေးနွေး ညှိနှိုင်းမှု အစီအစဉ်များနှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ် နိုင်ဝင်ဘာလ ၈ ရက်တွင် ဆက်လက်ဆွေးနွေးညှိနှိုင်းဆွေး နွေးသွားမည်ဆိုသည့်အချက်အပါအဝင် အချက် ၄ ချက်ပါသော ထုတ်ပြန်ချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။

January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...