မုဒုံမြို့နယ်မှ မူးယစ်ဆေးပြားများနှင့် သေနတ်ကျည်ဆံ ဖမ်းဆီးရမိ

မုဒုံမြို့နယ်မှ မူးယစ်ဆေးပြားများနှင့် သေနတ်ကျည်ဆံ ဖမ်းဆီးရမိ
 မူးယစ်ဆေးဝါးနှင့် ကျည်ဆံများဖမ်းဆီးရမိသူ ကျော်သူ(ခ) ကျော်နိုင်ဦး(photo: Aye Min Tun)
မူးယစ်ဆေးဝါးနှင့် ကျည်ဆံများဖမ်းဆီးရမိသူ ကျော်သူ(ခ) ကျော်နိုင်ဦး(photo: Aye Min Tun)
မုဒုံမြို့နယ် တာပသွန်ကျေးရွာနေ ကျော်သူ(ခ) ကျော်နိုင်ဦး၏ နေအိမ်သို့ မူးယစ်ဆေးဝါးရှာဖွေဖမ်းဆီးခွင့် ၀ရမ်းဖြင့် အောက်တိုဘာ (၁၉)ရက်နေ့တွင် ၀င်ရောက်ရှာဖွေရာ စိတ်ကြွမူးယစ်ဆေးပြားများအပြင် သေနတ်ကျည်ဆံများပါ ဖမ်းဆီးရမိခဲ့ကြောင်း မုဒုံမြို့မရဲစခန်းမှ သတင်းရရှိသည်။

မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲအုပ်စိုးသိန်းမြင့်က“ တရာခံကတော့ တာပသွန်ကျေးရွာကပါ။ ဖမ်းဆီးရမိတာကတော့ ဆေးပြား နှစ်ထောင်ကျော်နဲ့ လက်နက်ခဲယမ်းတွေပါ ရှာဖွေတွေ့ရှိခဲ့ပါတယ်” ဟု ပြောသည်။

ယင်းသို့ ရှာဖွေရာတွင် ၄င်းဝတ်ဆင်ထားသောအကျႌအိပ်ကပ်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေး ၈၀ ပြား ၊ R စာတန်းပါ ပန်းရောင်စိတ်ကြွဆေး ၄၂ ပြား နေအိမ်ရှေ့ထောင့်ကြမ်းပြင်ပေါ်တွင် စိတ်ကြွဆေး ၁၅၂၇ ပြား ၊ R စာတန်းပါ ပန်းရောင်စိတ်ကြွဆေး ၈၈၀ ပြား ၊ R စာတန်းပါ အစိမ်းရောင် စိတ်ကြွဆေး ၂၄ ပြား စုစုပေါင်း ၂၄၃၁ ပြားနှင့် ငွေ ၆၀၂,၅၀၀ ကျပ်ကိုလည်းကောင်း ၊ နေအိမ်ဘုရားစင်ပေါ်မှ အဝတ်အိတ်ဖြင့်ထည့်ထားသော M21,ကျည် ၅ တောင့် ၊ ကာဘိုင်ကျည် ၄ တောင့် ၊ AK 47 ကျည် (၃) တောင့် ၊ ပွိုင့် ၂၂ ကျည် (၂)တောင့်နှင့် ဆိုင်ကယ် W 100 ခဲမဲရောင်တစ်စီးတို့ကို သက်သေများရှေ့တွင် ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း မုဒုံမြို့မရဲစခန်း ဒုရဲမှူး ခင်မောင်ထွန်းမှ အောက်တိုဘာ ၂၁ ရက်နေ့တွင် မွန်သတင်းအေဂျင်စီကို အတည်ပြုပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားခံ ကျော်သူ (ခ) ကျော်နိုင်ဦးအား ဥပဒေလုပ်ထုံး ၊ လုပ်နည်းများအရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ စက်တင်ဘာလကုန်ပိုင်းအထိ မူးယစ်ဆေးဝါးမှု ၂၀၃ မှုအနက် စိတ်ကြွဆေးပြား ဖမ်းဆီးရမိမှုမှာ အများဆုံးဖြစ်ပွားခဲ့ပြီး ကျား ၃၃၇ ဦး နှင့် မ ၂၄ ဦး တရားခံစုစုပေါင်း ၃၆၁ ဦး၊ အောက်တိုဘာလ (၁) ရက်နေ့အထိ ၉ လ အတွင်း စိတ်ကြွမူးယစ်ဆေးဝါးအများဆုံးဖမ််းမိရာတွင် ကာလတန်ဖိုးငွေကျပ် ၃၀,၄၁၀,၀၂၅ ဒသမ ၆ သန်းခန့် ရှိကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးမှှသိရသည်။

January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...