လာမည့်ဒီဇင်ဘာလတွင် မွန်စာပေညီလာခံ ကျင်းပမည်

လာမည့်ဒီဇင်ဘာလတွင် မွန်စာပေညီလာခံ ကျင်းပမည်
by -
မွန်သတင်းအေဂျင်စီ
မွန်ကလောင်ရှင်များအသင်း (ယာယီ) အစည်းအဝေး (photo: MNA)
မွန်ကလောင်ရှင်များအသင်း (ယာယီ) အစည်းအဝေး (photo: MNA)
မွန်စာပေများကို မြှင့်တင်ရေးနှင့် မွန်ကလောင်ရှင်များအသင်းဖွဲ့စည်းရန်အတွက် လာမည့်ဒီဇင်ဘာလ ပထမအပတ်အတွင်း ကမာဝက်မြို့၊ ဓာတ်တော်ကျောင်းတိုက်တွင် မွန်စာပေညီလာခံကို (၃) ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း မွန်ကလောင်ရှင်များအသင်း(ယာယီ)မှ သိရသည်။

 “အဓိကတော့ ကျွန်တော်တို့ မွန်ကလောင်ရှင်များအသင်းကို ဖွဲ့စည်းဖို့ပဲ ၊ အခုက ယာယီပဲ ဖွင့်ထားတယ်လေ ဒီမွန်စာပေညီလာခံ ကျင်းပတဲ့ နောက်ဆုံးနေ့မှာဆိုရင် ဖွဲ့စည်းပုံကို ဆွေးနွေးပြီးတော့ မွန်ကလောင်ရှင်များအသင်းကို ဖွဲ့စည်းမည်” ဟု မွန်ကလောင်ရှင်များအသင်း(ယာယီ) အတွင်းရေးမှူး နိုင်ဝဏ္ဏမာန်က ပြောသည်။

အဆိုပါညီလာခံတွင် ပိဋကတ်သုံးပုံနှင့် မွန်ဘာသာစာပေများ၊ မွန်သမိုင်းသုတေသနနှင့် မွန်စာပေသုတေသန စာတမ်းများ၊ သုတ၊ ရသစာပေများနှင့် မွန်မီဒီယာအရေး စသည့် ခေါင်းစဉ်များဖြင့် ပထမနေ့နှင့် ဒုတိယနေ့တွင် သက်ဆိုင်ရာပညာရှင်များမှ တင်ပြဆွေးနွေးသွားမည်ဖြစ်ကာ နောက်ဆုံးနေ့တွင် မွန်ကလောင်ရှင်များ အသင်းကို အတည်ပြုဖွဲ့စည်းသွားမည်ဟု မွန်ကလောင်ရှင်များအသင်း (ယာယီ)ထံမှ သိရသည်။

“ဦးဆောင်ဆွေးနွေးသူတွေကတော့ ကျွန်တော်တို့ ရည်ရွယ်ထားတာပဲ ရှိသေးတယ်  သူတို့လက်ခံလားမခံလားတော့ မသိဘူး၊ နိုဝင်ဘာ ရ/၈ လောက်ဆိုရင် ကမာဝက်၊ ဓာတ်တော်ကျောင်းမှာ ကျွန်တော်တို့ အစည်းအဝေးလုပ်ဖို့ ရှိတယ်၊ အဲအချိန်ကျမှ သေချာမယ်” ဟု မွန်ကလောင်ရှင်များအသင်း(ယာယီ) ဥက္ကဋ္ဌ နိုင်အောင်ဂျနဲ့က ဆိုသည်။

မွန်ကလောင်ရှင်များအသင်း(ယာယီ)ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး အောက်တိုဘာလ ၁၂ ရက်နေ့က ကမာဝက်မြို့ ဓါတ်တော်ကျောင်းတိုက်၌ ပြုလုပ်သည့် အစည်းအဝေးတွင် မွန်စာပေညီလာခံတရပ်ကျင်းပရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...