မော်လမြိုင်မြို့ဆွမ်းအုပ်အဝိုင်းကို မူလဟင်္သာရုပ်တုအတိုင်း ပြန်လည်ထားရှိမည်

မော်လမြိုင်မြို့ဆွမ်းအုပ်အဝိုင်းကို မူလဟင်္သာရုပ်တုအတိုင်း ပြန်လည်ထားရှိမည်
မူလဟင်္သာရုပ်တုအဝိုင်း(Internet)
မူလဟင်္သာရုပ်တုအဝိုင်း(Internet)
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သံလွင်တံတားထိပ်ရှိ ဆွမ်းအုပ်အဝိုင်းကို မူလဟင်္သာရုပ်တု အဝိုင်းအတိုင်း ပြန်လည်ထားရှိရန် စီစဉ်ထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးတာဝန်ရှိသူက “ဝန်ကြီးချုပ်က အခုလက်ရှိ အထက ၁၀ ကျောင်းရှေ့က ဆွမ်းအုပ်အဝိုင်းကို ဖြုတ်သိမ်းပြီး ဟင်္သာအဝိုင်း ဆောင်ရွက်ဖို့ရှိတယ်လို့ သိထားရတယ်၊ မွန်တိုင်းရင်းသားပါတီတွေကလည်း တောင်းဆိုမှုတွေရှိတယ်” ဟု ပြောသည်။

မူလဟင်္သာရုပ်တုအဝိုင်းကို နအဖစစ်အစိုးရလက်ထက် ၂၀၀၇ ခုနှစ် မိုးရာသီကာလ ညပိုင်းတစ်ခုတွင် အာဏာပိုင်များအမိန့်ဖြင့် ဆွမ်းအုပ်အဝိုင်းအဖြစ် ရုတ်တရက်အစားထိုး ပြောင်းလဲခဲ့ပြီး အဆိုပါ ဟင်္သာရုပ်တုကို ရွှေတောင်ရပ်ကွက်၊ အထက်လမ်းမကြီး၊ အထက (၅) စာသင်ကျောင်းဘေးရှိ မာလာဝင်း (မော်လမြိုင်မြို့နယ် စည်ပင်သာယာရေး ပစ္စည်းသိုလှောင်ရုံ) ၌ သိမ်းဆည်းထားကြောင်း မွန်အမျိုးသားပါတီ ဥက္ကဋ္ဌ နိုင်ငွေသိမ်းက ဆိုသည်။

မွန်အမျိုးသားပါတီ ဥက္ကဋ္ဌ နိုင်ငွေသိမ်းက “လူမျိုးတိုင်းမှာ အမျိုးသားလက္ခဏာသင်္ကေတ အမွေအနှစ်ဆိုတာ ရှိကြတယ်။ အဲဒီအရာတွေကို ပြန်လည်ဖော်ထုတ်သင့်တယ်။ ပြည်နယ်အစိုးရ အဖွဲ့က ဆွမ်းအုပ်အဝိုင်းကို အရင်ပုံသဏ္ဍန်အတိုင်း ဟင်္သာအဝိုင်းပြန်လည် တည်ဆောက်ပေးမယ်လို့ သိထားရတယ်” ဟု ပြောသည်။

Rice Bowl
လက်ရှိဆွမ်းအုပ်အဝိုင်း (Internet)

ပြီးခဲ့သည့် မေလအတွင်း မွန်ပြည်နယ်သစ်ပါတီ ဒုဥက္ကဋ္ဌနိုင်ဟံသာနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့ရာတွင် အဆိုပါ ဟင်္သာအဝိုင်းကိစ္စ ဆွေးနွေးဖြစ်ခဲ့ကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် ဟင်္သာအဝိုင်းပြောင်းလဲရန် ဟင်္သာရုပ်တုမျက်နှာမှုရာအရပ်ကို မွန်ယဉ်ကျေးမှုခေါင်းဆောင်များနှင့် ဆွေးနွေး ဆောင်ရွက်သွားမည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ သိရသည်။

၂၀၀၅ ခုနှစ် ဖွင့်လှစ်ခဲ့သော မုတ္တမ - မော်လမြိုင် သံလွင်တံတားနှင့်အတူ ဟင်္သာရုပ်တုအဝိုု်င်းကို စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...