အဘော်ကျေးရွာနေ မိ------ ငါးရှာထွက်ရန် လမ်း၌ တရွာထဲနေ မောင်မင်းဦး (ခ) အဘုနှင့် တွေ့ဆုံ၍ ငါးရှာပေးမည်ဟု လိမ်ညာပြောဆိုပြီး လူသူမရှိသည့် ရာဘာခြံအရောက်တွင် သားမယားပြုကျင့်ခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။
အဆိုပါ မိ----- အား အခင်းဖြစ်ပွားသည့်နေ့တွင် ရေးမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး ယနေ့ထိ အတွင်း လူနာအဖြစ် ဆေကုသခံလျှက်ရှိသည်ဟု အဘော်ကျေးရွာဒေသခံတဦးမှ သိရသည်။
မိ-----၏ မိခင်မှ အဓမ္မပြုကျင့်သူ မောင်မင်းဦး (ခ) အဘုအား တရားဥပဒေအရ အရေးယူပေးပါရန် ဇွန် ၁၂ ရက်နေ့က ရေးမြို့မရဲစခန်းသို့ တိုင်ကြားထားသဖြင့် ၎င်းအား ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ရေးမြို့မရဲစခန်းမှ မောင်မင်းဦး (ခ) အဘုအား (ပ) ၉၀/၂၀၁၆၊ ပုဒ်မ-၃၇၆၊ ပြစ်မှုကြီး အမှတ်စဉ် (၆/၂၀၁၆) အရ အမှုဖွင့်အရေးယူထားကြောင်းသိရသည်။
အလားတူ ရေးမြို့နယ်တောင်ပိုင်း၊ ကဗျာဝရွာတွင် လွန်ခဲ့သည့် မတ်လ ၂၂ ရက်နေ့ ညနေ ရ နာရီခန့်က အသက် (၄) နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံမှု ဖြစ်ပွားခဲ့သည်။
မွန်ပြည်နယ်တွင် လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်မှုနှင့် စပ်လျဉ်း၍ ၂၀၁၄ ခုနှစ်တွင် အမှုပေါင်း ၉၀ ကျော်၊ ၂၀၁၅ ခုနှစ်တွင် အမှုပေါင်း (၁၀ဝ) ကျော် ဖြစ်ပေါ်ခဲ့ရာ သက်ငယ်အဓမ္မပြုကျင့်မှု အများဆုံးပါဝင်ကြောင်း သိရသည်။







