ပေါင်မြို့နယ်ရှိကျောက်မိုင်းများရပ်ဆိုင်းပေးရန် ပြည်ထောင်စုဝန်ကြီးထံတင်ပြထား

ပေါင်မြို့နယ်ရှိကျောက်မိုင်းများရပ်ဆိုင်းပေးရန် ပြည်ထောင်စုဝန်ကြီးထံတင်ပြထား
ကုလားမတောင်ကျောက်မိုင်းနေရာတစ်ခု(MNA)
ကုလားမတောင်ကျောက်မိုင်းနေရာတစ်ခု(MNA)
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကုလားမတောင်သစ်တောကြိုးဝိုင်းအတွင်းရှိ ကျောက်မိုင်း ကုမ္ပဏီများအားလုံး လုပ်ငန်းများအပြီးတိုင်ရပ်ဆိုင်းရန် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးထံ တင်ပြထားပြီးဖြစ်ကြောင်း ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းက ပြောသည်။

ကုလားမတောင်သစ်တောကြိုးဝိုင်းအတွင်း ကျောက်တူးဖော်ရေးကုမ္ပဏီ ၂၂ ခု ၏ ကျောက်တူးဖော်ရေးလုပ်ငန်း များကို ပြန်လည်စိစစ်ပေးရန်နှင့် အပြီးတိုင်ရပ်ဆိုင်းပေးရန် ဇွန်လ(၁၀)ရက်နေ့တွင် သံယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်သိမ်းရေးဝန်ကြီးထံ မိကွန်ချမ်း စာရေးသားပေးပို့ တင်ပြခဲ့သည်ဟု ဆိုသည်။

မိကွန်ချမ်းက “သစ်တောကြိုးဝိုင်းအတွင်းမှာရှိတဲ့ ကျောက်မိုင်းကုမ္ပဏီများရဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်နဲ့ လုပ်ငန်းသက်တမ်းကို ထပ်မံတိုးခွင့်မပြု့ဖို့နဲ့ အပြီးတိုင်ရပ်ဆိုင်းပေးဖို့ပါ” ဟု ပြောသည်။

ပြည်သူ့ဆန္ဒ သဘောထားကို သက်ဆိုင်ရာအစိုးရအဖွဲ့မှ ဆောင်ရွက်ပေးခြင်းမရှိလျှင် ပြည်ထောင်စု အဆင့်လွှတ်တော်များ၌ ဖြေရှင်းဆောင်ရွက်မည်ဟု မိကွန်ချမ်းက ဆိုသည်။

အလားတူ ယင်းသစ်တောကြိုးဝိုင်းအတွင်းရှိ ကျောက်ထုက်လုပ်မှုကို ရပ်ဆိုင်းရန်    ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးကလည်း မွန်ပြည်နယ်လွှတ်တော်သို့ အဆိုတင်သွင်းထားပြီး ဖြစ်သည်။

ထို့အပြင် ယင်းကြိုးဝိုင်းအတွင်းရှိ Long Life ကျောက်မိုင်းကုမ္ပဏီ အပြီးတိုင်ရပ်ဆိုင်းပေးရန် ဒေသခံ(၅၀၀)ခန့်သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်သည့် ဇွန်လ(၅)ရက်နေ့တွင် ပေါင်မြို့နယ် ဥတ္တံားရွာ၌ ဆန္ဒထုတ်ဖော်မှုများလည်း ရှိခဲ့သည်။

အဆိုပါဒေသခံများက ကျောက်မိုင်းကို ရပ်တန့်ပေးရေး ၁၂-၈-၂၀၁၄ တွင် လက်မှတ် ၂၅၀ဝ ကျော်၊ ၂၉-၁၂-၂၀၁၅ တွင် လက်မှတ် ၈၀ဝ ကျော်၊ ၂၂-၁-၂၀၁၆ လက်မှတ် ၁၀ဝဝ ကျော် သက်ဆိုင်ရာအစိုးရအာဏာပိုင်ဌာနများသို့ ကန့်ကွက်ထားကြောင်း သိရသည်။

မြေဧရိယာ (၃၃၇၃၁.၂၉)ဧကရှိသော ကုလားမတောင်သစ်တောကြိုးဝိုင်းအတွင်း ကျောက်တူးဖော်ရေးလုပ်ငန်းများကို သစ်တောဦးစီးဌာနထံမှ လုပ်ငန်းလိုင်စင် ရယူထားပြီး လမ်းခမ်းကျောက်နှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးကျောက်ထုတ်လုပ်ရေး ကုမ္ပဏီ ၂၂ ခုတို့ လုပ်ကိုင်နေခြင်း ဖြစ်သည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...