မွန်အမျိုးသားပါတီ MNP ဒုဥက္ကဋ္ဌ (၁) နိုင်တင်အောင် ရွေးချယ်တင်မြှောက်လိုက်ပြီ

မွန်အမျိုးသားပါတီ MNP ဒုဥက္ကဋ္ဌ (၁) နိုင်တင်အောင် ရွေးချယ်တင်မြှောက်လိုက်ပြီ
MNPဗဟိုကော်မီတီအစည်းအဝေး ၁/၂၀၁၆ (MNP)
MNPဗဟိုကော်မီတီအစည်းအဝေး ၁/၂၀၁၆ (MNP)
ပြီးခဲ့သည့် မေ ၃၁ ရက်နေ့တွင် မော်လမြိုင်မြို့၊ မွန်အမျိုးသားပါတီ MNP ဗဟိုဌာနချူပ်၌ကျင်းပသော ဗဟိုကော်မီတီအစည်းအဝေး ၁/၂၀၁၆ ဆုံးဖြတ်ချက်အရ ဒုဥက္ကဌ (၁) နေရာကို နိုင်တင်အောင်(ခေါ်) နိုင်တလနွန်အား လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်တင်မြှောက်ခဲ့သည်ဟု သိရသည်။

တိုင်းရင်းသားရေးရာဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသော ယခင် MNP ဒုဥက္ကဌ(၁) နိုင်သက်လွင် ကိုယ်စား အစားထိုးရန် နိုင်ချစ်ဦး(မွန်တိုင်းရင်းသားရေးရာဝန်ကြီးဟောင်း-ကရင်ပြည်နယ်) နှင့် နိုင်တင်အောင်တို့ကို အဆိုပြုခဲ့ကြပြီး ဗဟိုကော်မီတီ၏ လျှို့ဝှက်မဲစနစ်အရ နိုင်တင်အောင် ရွေးချယ်ခံရခြင်းဖြစ်သည်။

မွန်အမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး နိုင်လယီတမက “ပါတီတစ်ခုခုရဲ့ စုပေါင်းခေါင်းဆောင်မှုနှင့်ပုဂ္ဂလိကတာဝန်အရ ဗဟိုကော်မီတီအများစုက နိုင်တလနွန်ကို ရွေးချယ်တင်မြှောက်လိုက်ပြီးဆိုရင် ကျနော်အနေနဲ့လည်း ဗဟိုကော်မီတီရဲ့ ဆုံးဖြတ်ချက်အတိုင်း လက်ခံနိုင်ပါတယ်”ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

mon02061
မွန်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ (၁) နိုင်တင်အောင်(MNA)

MNP ဥက္ကဋ္ဌကြီး နိုင်ငွေသိမ်းလည်း အသက်ကြီးပြီး ရန်ကုန်မြို့မှာ နေထိုင်နေခြင်း၊ ဒုဥက္ကဋ္ဌ(၁) နိုင်သက်လွင်ကလည်း ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေရခြင်းတို့ကြောင့် ပါတီ၏လုပ်ငန်းဆောင်တာများ နှေးကွေးလာသဖြင့် အစားထိုးရွေးချယ်တင်မြှောက်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီး  နိုင်သက်လွင်သည် ၎င်း၏တာဝန်သက်တမ်းတစ်လျှောက်တွင် ပါတီ၏တာဝန်ကို ထမ်းဆောင်နိုင်မည့်အခြေအနေ မရှိသောကြောင့် ၎င်း၏ကိုယ်စား ဒုဥက္ကဋ္ဌ (၁) တစ်ဦးကို ရွေးချယ်ရခြင်းဖြစ်ကြောင်း၊ နိုင်သက်လွင်အား ပါတီဗဟိုအလုပ်အမှုဆောင်တစ်ဦးအဖြစ် ဆက်လက် ထားရှိနေမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဗဟိုအလုပ်အမှုဆောင် (၃၁) ဦးရှိသည့်အနက် နိုင်ရဲဇော်က ပါတီမှရပ်နားခွင့်တောင်းဆိုခဲ့မှုကြောင့် ၎င်းကိုယ်စား မင်းဇေယယျာဦး (မင်းကျော်ဇေယျာဦး) အား အစားထိုးရွေးချယ်လိုက်သည်ဟု သိရသည်။

မွန်နိုင်ငံရေးအကြောင်း စောင့်ကြည့်လေ့လာနေသူ ဆရာတော် အသျှင်သီဟက “သူတို့ပါတီအခြေအနေက အရပ်ဖက်လူ့အဖွဲ့အစည်းတိုးတက်လာအောင်၊ အမျိုးသားရေးလှုပ်ရှားမှု အားကောင်းလာအောင် တွေးခေါ်ထားတာမရှိဘူး၊ အကောင်အထည်ဖေါ်တာကိုလည်း ဘယ်နေရာမှမတွေ့ဘူး၊ ကြေညာချက်ထုတ်ပြန်တာလောက်ကိုပဲ ရောင့်ရဲနေကြပြီး လက်တွေ့အကောင်အထည်ဖို့က ဘာမှမရှိဘူးဆိုရင် လူထူရဲ့ ယုံကြည်ထောက်ခံမှုကို ရရှိလာမှာမဟုတ်ဘူး”ဟု မွန်သတင်းအေဂျင်စီသို့ မိန့်ကြားခဲ့သည်။

၎င်းပါတီသည် ၁၉၈၈ တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF, ၂၀၁၂ တွင် မွန်အမျိုးသားဒီမိုကရေစီပါတီ MDP အဖြစ်မှတ်ပုံတင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် မွန်အမျိုးသားပါတီ MNP အမည်ပြောင်းလဲခဲ့ပြီး လက်ရှိတွင် ဗဟိုကော်မီတီဝင် ၉၃ ဦးအနက် ဗဟိုအလှုပ်အမှုဆောင်ဝင် ၃၁ ဦး၊ ပါတီဝင်ဦးရေ ခုနှစ်သောင်း (၇၀၀၀၀) ကျော်ရှိသည်ဟု သိရသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...