သက်တမ်းလွန်ခွင့်ပြုချက်မဲ့ ဆေးဝါးနှင့်စားသုံးကုန်များ မီးရှို့ဖျက်ဆီး

သက်တမ်းလွန်ခွင့်ပြုချက်မဲ့ ဆေးဝါးနှင့်စားသုံးကုန်များ မီးရှို့ဖျက်ဆီး
သက်တမ်းလွန်ခွင့်ပြုချက်မဲ့ ဆေးဝါးနှင့်စားသုံးကုန်များ(MNA)
သက်တမ်းလွန်ခွင့်ပြုချက်မဲ့ ဆေးဝါးနှင့်စားသုံးကုန်များ(MNA)
မော်လမြိုင်မြို့နယ်စျေးဆိုင်များမှ သိမ်းဆီးရမိသော သက်တမ်းလွန်ခွင့်ပြုချက်မဲ့ဆေးဝါးများနှင့် စားသုံးကုန်ပစ္စည်းများကို မေလ (၅) ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ပိန္နဲကုန်းသုဿန်၌ မီးရှို့ဖျက်ဆီးခဲ့သည်။

အမျိုးအမည် (၈၁) မျိုးပါဝင်သော တရားမဝင်ဆေးဝါး ၄၉,၀၀၀ ကျပ်၊ သက်တမ်းလွန် ဆေးဝါး ၂၆,၀၂,၁၈၀ ကျပ်၊ စပ်ဆေး ၁၇၀၀ ကျပ်၊ အလှကုန်နှင့် လူသုံးကုန် ၁၁၈,၆၆,၈၈၀ ကျပ်နှင့် ၂၈၇,၅၅,၂၀၅ ကျပ် စုစုပေါင်းကျပ်သိန်း ၄၀၀ ကျော်တန်းဖိုးသည်ဟု မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါတ်တာစိုးနိုင် က “ဒီနေ့ကျနော်တို့ မီးရှို့ဖျက်ဆီးတာဟာ မော်လမြိုင်မြို့နယ်မှာရှိတဲ့ စျေးတွေ၊ စျေးပြင်ပတွေမှာရှိတဲ့ကုန်စုံဆိုင်တွေ စတိုးဆိုင်တွေမှာ စျေးကွက်ထောက်လှမ်းစစ်ဆေးတဲ့အခါက သိမ်းဆီးရမိတာပါ။ အလှ ကုန်တွေနဲ့ တာမြစ်ဆေးဝါးတွေ များတယ်” ဟု ဆိုသည်။

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ မှ ၂၀၁၆ ခုနှစ် မတ်လ ၂၉ ရက်နေ့အထိ မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် မွန်ပြည်နယ် စားသုံးသူကာကွယ်ရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဖမ်းဆီးရမိသော ပစ္စည်းများဖြစ်သည်ဟု မွန်ပြည်နယ် စားသုံးသူကာကွယ်ရေးဦးစီးဌာနမှ သိရသည်။

Goods Out of Date
သက်တမ်းလွန်ခွင့်ပြုချက်မဲ့ ဆေးဝါးနှင့်စားသုံးကုန်များမီးရှို့ရန်ပြင်ဆင်နေပုံ(MNA)

မွန်ပြည်နယ်ရှိ စားသုံးကုန်ပစ္စည်းအပါအဝင် အလှကုန်၊ တာမြစ်ဆေးဝါးများနှင့် ပတ်သက်သော အသိပညာပေးရှင်းလင်းသွားမည်ဖြစ် ရာ စျေးဆိုင်ရောင်းသူအပါအဝင် ပြည်သူလူထု အားလုံး ပူးပေါင်းပါဝင်တက်ရောက်စေလိုသည်ဟု ဒေါတ်တာစိုးနိုင်က ဆက်ပြောသည်။

မွန်ပြည်နယ် စားသုံးသူကာကွယ်ရေးဦးစီးဌာန တာဝန်ခံ ဦးအောင်ကျော်မိုးက “စားသုံးသူတွေ ဘေးအန္တရာယ် ကင်းရှင်းရေး၊ စိတ်ကျေနပ်မှုရရှိစေရေးအတွက် ဆိုပြီး စျေးကွက်အတွင်းရှိ အစားသောက် တွေကို FDA နဲ့ ပူးပေါင်းပြီး သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို  မီးရှို့ဖျက်ဆီးရတာဖြစ်တယ်” ဟု ဆိုသည်။

အဆိုပါစားသုံးရန်မသင့် ကုန်ပစ္စည်းများကို စျေးဆိုင်များအတွင်းသို့ မကြာခဏ ဝင်ရောက်ရှာဖွေကြောင်း၊ စျေးရောင်းသူများ ဆုံးရှုံးနစ်နာမှုမရှိစေရန် လက်ကမ်းကြော်ငြာများဖြင့် အသိပေးခဲ့ကြောင်း၊ ယခုအချိန်တွင် ပညာပေးကာလဖြစ်ပြီး နောက်နောင်တွင် အရေးယူမှုများ ဆက်လက်ပြုလုပ်သွားမည်ဟု ဦးအောင်ကျော်ဦး က ဆက်ပြောသည်။

အလားတူ လွန်ခဲ့သော ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်နေ့တွင်လည်း မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ မွန်ပြည်နယ် စားသုံးသူကာကွယ်ရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး သိမ်းဆည်းရမိ သော သက်တမ်းလွန် လူသုံးကုန်ပစ္စည်များနှင့် ခွင့်ပြုချက်မဲ့ဆေးဝါးများ တန်ဖိုးငွေ ကျပ် ၂၇ သိန်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...