မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL ကို မွန်လွှတ်တော် ပြန်လည်စီစစ်မည်

မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL ကို မွန်လွှတ်တော် ပြန်လည်စီစစ်မည်
မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL(MNA)
မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL(MNA)
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ဒွန်း/ကော့ပနော့ ဒေသရှိ MCL မော်လမြိုင်ဘိလပ်မြေစက်ရုံ၏ ကျောက်မီးသွေးစွမ်းအင်သုံး သည့်ကိစ္စကို မွန်ပြည်နယ်လွှတ်တော်က ပြန်လည်စိစစ်သွားမည်ဟု ပြည်နယ်လွှတ်တော် ဒု ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး က ဆိုသည်။

အဆိုပါ MCL မော်လမြိုင်ဘိလပ်မြေစက်ရုံမှ ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံ ရပ်တန့်ပေးရန် ဒေသခံများ တောင်းဆိုသောကြောင့် ဧပြီလ (၂၉) ရက်နေ့တွင် မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌနှင့် ဒေသခံ များက ၎င်းစီမံကိန်းအကြောင်းကို ဆွေးနွေးခဲ့ပြီးနောက် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက “ကုမ္မဏီဘက်က လုပ်ငန်းအစီစဉ် ချလုပ်ခဲ့တာဟာ ဒေသ ခံပြည်သူပေါ်မှာ ဘယ်လောက်ပွင့်လင်းမြင်သာမှုရှိခဲ့လဲ။ သူတို့ရဲ့ လုပ်ငန်းလုပ်ပိုင်ခွင့်အပေါ် ဘယ်အချက် တွေနဲ့ လုပ်ပိုင်ခွင့်ပေးခဲ့လဲပေါ့၊ ဒါတွေကို ပြန်လည်လေ့လာပြီး စိစစ်သွားမယ်။ လွှတ်တော်က သုံးစွဲမသင့်ဘူး ဆုံးဖြတ်ခဲ့ရင်၊ ဘယ်လိုသုံးစွဲသွားမည်ကို ကုမ္မဏီတာဝန်ရှိသူနှင့် အစိုးရဘက်က တာဝန်ရှိသူတွေ အဖြေရှာ ရလိမ့်မယ်” ဟု ဆိုသည်။

လွန်ခဲ့သော ခေတ်အဆက်ဆက်က သော်လည်းကောင်း၊ လွန်ခဲ့သော (၅) နှစ်သက်တမ်းက သော်လည်းကောင်း စီမံကိန်းအကြီးစားနှင့် စက်ရုံများတည်ဆောက်ရာတွင် ဒေသခံပြည်သူတို့၏ သဘောဆန္ဒရယူမှုမရှိဘဲ တည်ဆောက်ခဲ့ခြင်း အများပြားတွေ့ရှိခဲ့သည်ဟု ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောသည်။

မယ်ဂရို ဒေသခံမှ နိုင်ရွှေဝင်းက “လွှတ်တော်ဒုဥက္ကဋ္ဌက MCL မော်လမြိုင်ဘိလပ်မြေစက်ရုံ အကြောင်းနဲ့ ပတ် သက်ပြီး ကျနော်တို့ စာတင်ထားတဲ့ကိစ္စကို ခေါ်တွေ့ ဆွေးနွေးတာပါ။ လျှပ်စစ်မီးကိစ္စအကြောင်း၊ စက်ရုံရဲ့ ပြီးစီးမှုအခြေအနေတွေကို မေးမြန်ဆွေးနွေးဖြစ် တယ်” ဟု ဆိုသည်။

ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားဖြင့် လည်ပတ်မည့် မော်လမြိုင် ဘိလပ်မြေစက်ရုံ Mawlamyine Cement Ltd. (MCL) သည် အမေရိကန်ဒေါ်လာ သန်း (၄၀၀) ရင်းနှီးမြှုပ်နှံထားပြီး (၂၀၁၆) ခုနှစ် နှစ်လယ်ပိုင်းတွင် စက်ရုံစတင်လည်ပတ်မည်ဟု ကုမ္မဏီတာဝန်ရှိသူတစ်ဦးက ဆိုသည်။

MCL ကုမ္မဏီ အလုပ်သမားဘက်ဆိုင်ရာမန်နေဂျာ ထဝမ်မဖုန်ဖင် က “ဒေသခံပြည်သူတွေက စက်ရုံ ကျောက်မီးသွေးသုံးနေသည့်ကိစ္စ ကန့်ကွက်နေတာ ကျနော်တို့မသိဘူး။ အခု ကျောက်မီးသွေးနဲ့ ထုတ်မယ့်လျှပ်စစ်စွမ်းအင်ကိုတော့ ဘေးအန္တရာယ် အနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမယ်” ဟု ဆိုသည်။

MCL ဘိလပ်မြေစက်ရုံအတွက် လိုအပ်သည့် လျှပ်စစ်ဓါတ်အား (၄၉) မဂ္ဂါဝပ် ကို ကျောက်မီးသွေးနှင့် ဇီဝစွန့်ပစ်ပစ္စည်းများမှ (၄၀) မဂ္ဂါဝပ်၊ စက်ရုံမှ စွန့်ပစ်သော လေပူ Waste Heat Generator (WHG) မှတဆင့် (၉) မဂ္ဂါဝပ်ကိုလည်းကောင်း ထုတ်ယူသွားမည်ဟု ကုမ္ပဏီ ထုတ်ပြန်ချက်အရ သိရသည်။

မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL ကျောက်မီးသွေးဖြင့် လည်ပတ်မည့်ကိစ္စရပ်တန့်ပေးရန် နိုင်ငံတော်သမ္မတ၊ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများအပါအဝင် မွန်ပြည်နယ်လွှတ်တော်သို့ ပြီးခဲ့သည့် ဧပြီ (၂၅) ရက်နေ့တွင် ပျားတောင်ဒေသခံများ လက်မှတ်ပေါင်း (၃၈၀၀) ခန့် ရေးထိုးတောင်းဆိုထားကြောင်း သိရသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...