၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်းလည်း ရေးမြို့နယ်သို့ လျှပ်စစ်မီး မရောက်ရှိနိုင်သေး

၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်းလည်း ရေးမြို့နယ်သို့ လျှပ်စစ်မီး မရောက်ရှိနိုင်သေး
ငန်းတေးလျှပ်စစ်ဓါတ်အားပေးစက်ရုံ (MNA)
ငန်းတေးလျှပ်စစ်ဓါတ်အားပေးစက်ရုံ (MNA)
ပုဂ္ဂလိကလျှပ်စစ်မီးအား တစ်ယူနစ်လျှင်ကျပ် ၄၀၀မှ ၅၀၀အကြား ပေး၍သုံးစွဲနေရသည့် ရေးမြို့နယ်အတွက် ယခုဘဏ္ဍာနှစ်တွင်လျှပ်စစ်မီးမရရှိနိုင်သေးကြောင်း လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးမင်းထင်အောင်ဟန်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောသည်။

လျှပ်စစ်ဓါတ်အားကြိုးမှာ သံဖြူဇရပ်မြို့နယ်အထိသာရောက်ရှိနေပြီး ထိုမှတစ်ဆင့် တနသာင်္တိုင်းဒေသကြီးသို့ သွယ်တန်းရမည်ဖြစ်သည်။ ထိုသို့သွယ်တန်းပြီးသည့်အချိန်မှသာလျှှင် လျှပ်စစ်မီးရရှိနိုင်မည်ဖြစ်သည်။

မွန်ပြည်နယ် လျှပ်စစ်စွမ်းအင်နှင့် စက်မူဝန်ကြီးဌာနမှ ၀န်ကြီးဦးမင်းထင်အောင်ဟန်က “တနသာင်္ရီအထိ မီးကြိုးတွေသွယ်ဖို့ရှိတယ်၊ တစ်နိုင်ငံလုံးအထိအတိုင်းအတာနဲ့ပေါ့။ ဒါပေမယ့်ဒီနှစ်အတွက် ဘတ်ဂျက်ငွေဘယ်လောက် ကျထားသလဲဆိုတာတော့ မသိသေးဘူး။ လောလောဆယ်ကတော့ စမ်းသပ်တာတွေ၊ တိုင်းတာတာတွေ၊ လေ့လာတာတွေလုပ်ဦးမယ်။ ရာဘာခြံတွေရှိရင်လည်း အဲဒါတွေကို အရင်ရှင်းရဦးမယ်။ အဲဒါတွေပြီးမှ ကြိုးဆွဲဖို့အတွက်ကို ဘတ်ဂျက်ကကျလာမှာ။ အခုလောလောဆယ်တော့ ဘယ်လောက်ကျထားသလဲ ဆိုတာ သေချာမသိသေးဘူး” ဟုပြောသည်။

လျှပ်စစ်ဓါတ်အားကြိုးသွယ်တန်းရန်အတွက် စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိနေသော်လည်း ဓါတ်အားကြိုးသွယ်တန်းရန်အတွက် ယခုနှစ်ဘတ်ဂျက်စာရင်းတွင် မပါရှိပေ။ ရေးမြို့နယ်နေ ပြည်သူများအနေဖြင့် လျှပ်စစ်ဓါတ်အားခ ကြီးမြင့်စွာပေးဆောင်နေရသည့်အတွက် အစိုးရလျှပ်စစ်မီးလိုချင်နေကြသည်။

ရေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်က “ပြည်သူတွေကတော့ လျှပ်စစ်မီး လိုချင်နေကြတယ်။ ဒီကိစ္စကိုလွှတ်တော်မှာလည်း ဆွေးနွေးဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌကလည်း မှတ်တမ်းတင်ထားပါတယ်ဒါကို။ ဒီတော့ ဇွန်လလောက်ဆိုရင်တော့ ကျွန်တော်တို့ အဖြေသိရမှာပါ” ဟုပြောသည်။

မော်လမြိုင်မြို့ရှိ Myanmar Lighting ကုမ္ပဏီမှ ထွက်ရှိသည့် ဓါတ်အားများမှာလည်း ပိုလျှံလျက်ရှိကြောင်း သိရသည်။ သို့ဖြစ်၍ ဓါတ်အားလိုင်းသွယ်တန်းပြီးပါက ရေးမြို့နယ်အတွက် လျှပ်စစ်မီးရနိုင်မည်ဖြစ်သည်။ လျှပ်စစ်မီးနှင့်ပတ်သတ်၍ မွန်ပြည်နယ်တွင် တင်ဒါခေါ်ယူခြင်းများလည်း ရှိမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအင်နှင့် စက်မူဝန်ကြီးထံမှ သိရသည်။

ရေးမြို့နယ်တွင် ပုဂ္ဂလိကလျှပ်စစ်မီးသုံးစွဲနေသည်မှာ လွန်ခဲ့သည့် ၂၀၀၈ခုနှစ်ကတည်းကပင်ဖြစ်ပြီး စျေးနှုန်းကြီးမြင့်စွာပေးဆောင်နေ ရကြောင်းသိရသည်။

Most read this week

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...