MCL မော်လမြိုင်ဘိလပ်မြေစက်ရုံ အိပ်သွပ်စက်စမ်းသပ်လည်ပတ်ပြီ

MCL မော်လမြိုင်ဘိလပ်မြေစက်ရုံ အိပ်သွပ်စက်စမ်းသပ်လည်ပတ်ပြီ
မွန်ပြည်နယ်ဝန်ကြီးချုပ် MCL ဘိလပ်မြေအိပ်သွပ်ခြင်းအခမ်းအနားရောက်ရှိစဉ်(MNA)
မွန်ပြည်နယ်ဝန်ကြီးချုပ် MCL ဘိလပ်မြေအိပ်သွပ်ခြင်းအခမ်းအနားရောက်ရှိစဉ်(MNA)
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ဒွန်း၊ ကော့ပနော့ဒေသရှိ MCL မော်လမြိုင်ဘိလပ်မြေ အိပ်သွပ်စက် စမ်းသပ်လည်ပတ်ခြင်း အခန်းအနားကို မတ်လ (၂၆) ရက်နေ့တွင် စတင်ကျင်းပခဲ့သည်။

၎င်းအခန်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့်နှင့် ဝန်ကြီးအဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ကျိုက်မရောမြို့နယ်မဲဆန္ဒနယ် (၂)  မင်းအောင်မွန်၊ အစိုးရဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသော ဒေသခံတချို့တက်ရောက်ခဲ့ကြသည်။

အိပ်သွပ်စက် စတင်စမ်းသပ် အခန်းအနားဖွင့်ပွဲကို ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့်က “ကျွန်တော်ဆောင်ရွက် ခဲ့တာတွေ ပြီးပြီ။ ကျန်တဲ့အပိုင်းတော့ ခင်ဗျားတို့ဘာသာ ဆက်လက်ဆောင်ရွက်သွားကြပါ” ဟု MCL ကုမ္ပဏီတာဝန်ရှိသူများအား စက်ခလုတ်ဖွင့်အပြီးတွင် မှာကြားခဲ့သည်။

မော်လမြိုင်ဘိလပ်မြေစက်ရုံကို (၂၀၁၆) နှစ်လည်ပိုင်းတွင် စတင်လည်ပတ်မည်ဟု MCL က ထုတ်ပြန်ထားသည်။

ကော့ဒွန်းဒေသခံ မင်းသန်းဦးက “ဝန်ကြီးချုပ်ဦးအုန်းမြင့် ဦးဆောင်တဲ့ မွန်ပြည်နယ် အစိုးရသက်တမ်း မကုန်ခင် ရက်ပိုင်းအလိုမှာ ဖွင့်ပြလိုက်တဲ့ သဘောပါပဲ။ ဒါရှင်းရှင်းပြောရရင် မရိုးသားဘူ့းပေါ့။ ကျွန်တော်တို့ဒေသခံတွေကလည်း အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် အစိုးရသစ်မှာ ဒီစက်ရုံကိစ္စကို ဆန့်ကျင်ကန့်ကွက်ဖို့ လုပ်ငန်းစဉ်တွေ ချထားပါတယ်” ဟု ဆိုသည်။

၄င်းစက်ရုံအတွက် လိုအပ်လျှပ်စစ်ပမာဏ (၄၀) မဂ္ဂါဝပ်ကို ကျောက်မီးသွေး အသုံးပြု လည်ပတ်မည်ဖြစ်သည့်အတွက် သဘာဝဝန်းကျင်ဆိုးကျိုးများ ခံစားရမည်ကို ဒေသများစိုးရိမ်သဖြင့် ကန့်ကွက်လှုပ်ရှားမှုများ ပြုလုပ်နေကြသည်။

အဆိုပါ MCL ဘိလပ်မြေစက်ရုံကို ထိုင်းနိုင်ငံ Siam Cenment Group-SCG က အမေရိကန်ဒေါ်လာ ၂၇၂.၅၆ သန်း ရင်းနှီးမြှုပ်နှံထားပြီး တစ်နေ့လျှင် ဘိလပ်မြေတန်ချိန် ၅၀၀၀ ထုတ်လုပ်သွားမည်ဟု သိရသည်။

Most read this week

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...