ရေးမြို့တောင်ပိုင်းတွင် အသက် (၄)နှစ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ

ရေးမြို့တောင်ပိုင်းတွင် အသက် (၄)နှစ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ
မွန်ပြည်နယ် ၊ ရေးမြို့နယ်တောင်ပိုင်း၊ ကဗျာဝရွာတွင် လွန်ခဲ့သည့် မတ်လ (၂၂) ရက်နေ့ ညးနေ (၇) နာရီခန့်က အသက် (၄) နှစ်အရွယ်ရှိ မိန်းကလေးငယ် တစ်ဦး အဓမ္မပြုကျင့်ခံရသည်ဟု ဒေသခံများမှတဆင့် သိရသည်။

ပင်လယ်ကမ်းခြေအနီးရှိ နေအိမ်တွင် အဆိုပါကလေးငယ် ဆော့ကစားနေစဉ်တွင် တစ်ရွာထဲနေ မောင်ဖိုးဆေး ဆိုသူက အခြားနေရာသို့လည်ပတ်ရန် ခေါ်သွားရာမှ အခင်းဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ကဗျာဝရွာ အုပ်ချုပ်ရေးမှူး နိုင်အောင်ဆန်းက “အခင်းဖြစ်တဲ့နေ့မှာပဲ ကလေးမကို ခေါဇာမြို့ ဆေးရုံကို ပို့ပေးခဲ့တယ်၊ ဒါပေမဲ့ ဆေးရုံးမှာ ဆရာဝန်မရှိတော့ အဲဒီညမှာပဲ ရေးမြို့ ပြည်သူ့ဆေးရုံးသို့ ဆက်ပို့ခဲ့တယ်” ဟု မတ်လ ၂၄ ရက်နေ့တွင် မွန်သတင်းအေဂျင်စီသို့ ပြောသည်။

မတ် (၂၃) ရက်နေ့ နံနက် (၁၀း၃၀) အချိန်တွင် ခေါဇာ ရဲတပ်ဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့သည် မောင်ဖိုးဆေးကိုခေါ်ပြီး အခင်းဖြစ်ပွားသည့် ပင်လယ်ကမ်းခြေနေရာကို ပြခိုင်းကာ ဓါတ်ပုံမှတ်တမ်းများ ရိုက်ခဲ့သည်ဟု နိုင်အောင်ဆန်းက ဆိုသည်။

မုဒိမ်းမှု ကျူးလွန်သူဟု ယူဆရသည့်မောင်ဖိုးဆေးနှင့် ကျူးလွန်ခံရသူ ကလေးမတို့သည် ဧရာဝတီတိုင်း ဖျာပုံနယ်သားများဖြစ်ကြပြီး ကဗျာဝရွာသို့ ရောက်ရှိနေထိုင်ခဲ့သည်မှာ လပိုင်းမျှသာ ရှိသေးကြောင်း ဒေသခံများပြောချက်အရ သိရသည်။

 ယင်းသို့ မိန်းကလေး အဓမ္မပြုကျင့်ခံရသည့်ကိစ္စအား၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် အဘွားဖြစ်သူက ခေါဇာ ရဲစခန်းသို့ အမှုတိုင်ကြားခဲ့ပြီး ဖြစ်သည်။

ခေါဇာမြို့နယ် ရဲစခန်းမှ မှုခင်းဥပဒေ (ပ) ရ/၂၀၁၆၊ပြစ်မှု ပုဒ်မ(၃၇၆) အရ ပြစ်မှုကျူးလွန်သူ အသက် (၁၅) နှစ်ရှိ မောင်ဖိုးဆေးအား အရေးယူထားကြောင်း သိရသည်။

မွန်ပြည်နယ်တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် စပ်လျဉ်း၍  ၂၀၁၄ ခုနှစ်တွင် အမှုပေါင်း (၉၀) ကျော်၊ ၂၀၁၅ ခုနှစ်တွင် အမှုပေါင်း (၁၀၀) ကျော် ဖြစ်ပေါ်ခဲ့ပြီး သက်ငယ်အဓမ္မပြုကျင့်မှု အများဆုံးပါဝင်ကြောင်း သိရသည်။ 

Most read this week

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...