ကျိုက်မရောမြို့ ရေလုပ်သားများ မိခင်အတ္ထရံ ရေလုပ်သားအသင်းဖွဲ့စည်း

ကျိုက်မရောမြို့ ရေလုပ်သားများ မိခင်အတ္ထရံ ရေလုပ်သားအသင်းဖွဲ့စည်း
မွန်ပြည်နယ်၊ ကျိုက်မရောမြို့ရှိ ရေလုပ်သားများ အသက်မွေးဝမ်းကျောင်းအတွက် လုပ်ကိုင်လျက်ရှိသော အတ္ထရံ မြစ်တွင် ပြဿနာများဖြစ်ပေါ်လာပါက အတူတကွဖြေရှင်းနိုင်ရန် ‘မိခင်အတ္ထရံ ရေလုပ်သားအသင်း’ ကို မတ်လ (၂၂) တွင် ကျိုက်မရောမြို့၊ အတ္ထရံခန်းမတွင် ဖွဲ့စည်းခဲ့သည်။

မိခင်အတ္ထရံ ရေလုပ်သားအသင်း ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က “ကျွန်တော်တို့ အခုကြုံတွေ့နေရတာက ဒီ MCL ကုမ္ပဏီက သင်္ဘောတွေ္ပပါ။ သင်္ဘောတွေကို မြန်နှုန်းမြင့်နဲ့မောင်းနေတယ်။ မြန်တော့ လှိုင်းကြီးလာတယ်။ အဲဒီ တော့ ကျွန်တော်တို့လှေငယ်တွေ မြုပ်သွားတယ်။ ဒီသင်္ဘောတွေ အတတ်နိုင်ဆုံး အနှေးဆုံးနှုန်းနဲ့ မောင်းပေး နိုင်ဖို့အတွက်နဲ့ ပြဿနာဖြစ်လာရင်လည်း ရေလုပ်သားတွေ အတူဖြေရှင်းနိုင်ဖို့ ဒီအသင်းကို ဖွဲ့စည်းရခြင်း ဖြစ်တယ်” ဟု ဆိုသည်။

မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL သင်္ဘောများ မြစ်အတွင်းမြန်နှုန်းမြင့် သွားလာခြင်းကြောင့် လှေငယ်များ နစ်မြုပ်ခဲ့သည်ဟု ဆိုသည်။

 မိခင်အတ္ထရံ ရေလုပ်သားအသင်း ဘဏ္ဍာရေးမှူး ကိုမြတ်မိုး က “MCL ပစ္စည်းတင်သင်္ဘောကြောင့် ကျွန်တော်တို့ ပိုက်မျှောရတဲ့အချိန် နှောင်နှေးတယ်။ သင်္ဘောကြီးတွေ မောင်းနှုန်းမြန်တော့ လှိုင်းတွေကြီးစေတယ်။ အဲဒီလှိုင်းကြောင့် စက်လှေငယ်တွေလည်း နစ်မြုပ်ခဲ့သလို ပိုက်တွေလည်းကွဲဖူးတယ်။ လှေတောင် ဝမ်းဗိုက်ကွဲပြီးမြုပ်ခဲ့ဘူးတယ်။ ဒီကိစ္စကို ကျွန်တော်တို့ အထက်ထက်ကိုတင်ပြသော်လည်း တရားဝင်အသင်းအဖွဲ့မရှိတော့ ထူးမလာဘူး” ဟု ဆိုသည်။

ကျိုက်မရောမြို့တွင် ယခင်က ရေလုပ်သားအသင်းအဖွဲ့ ရှိခဲ့သော်လည်း တရားဝင် မှတ်ပုံတင်ထားခြင်း မရှိခဲ့ပါ။ ယခု ‘မိခင် အတ္ထရံ ရေလုပ်သားအသင်း’ ကို သက်ဆိုင်ရာအစိုးရဋ္ဌာနတွင် တရားဝင်မှတ်ပုံတင်သွားမည်ဟု ဆိုသည်။

မိခင်အတ္ထရံ အသင်းအဖွဲ့ကို ဗဟိုအလုပ်အမှုဆောင် (၉) ဦးနှင့် ဖွဲ့စည်းထားပြီး တရားဝင်အသင်းအဖွဲ့ မှတ်ပုံတင်နိုင်ရန်အတွက် အလုပ်အမှုဆောင်ကော်မတီဝင်အမည်စာရင်းနှင့် ကိုယ်ရေးအချက်အလက်များ စုဆောင်းလျက် ရှိသည်။

 MCL သဘောင်္သွားလာခြင်းကြောင့် လှေငယ် အစီး (၂၀) ခန့် နစ်မြုပ်ခဲ့၍ ထိုမြုပ်သွားသော လှေပြဿနာနှင့် တခြားကိစ္စများကို ညှိနှိုင်းဖြေရှင်းနိုင်ရန် လာမည့် မတ်လ (၂၄/၂၅) ရက်တွင် MCL ဘိလပ်မြေ ကုမ္ပဏီ တာဝန်ရှိသူနှင့် မိခင်အတ္ထရံအသင်းအဖွဲ့တို့ ကျိုက်မရောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဌာနရုံး၌ တွေ့ဆုံကြမည်ဟု သိရသည်။

မိခင်အတ္ထရံ ရေလုပ်သားအသင်းဖွဲ့စည်းစဉ်(MNA)

Most read this week

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...