ဒုတိယအကြိမ် မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ်ကွန်ရက်ညီလာခံ ထားဝယ်မြို့တွင်ကျင်းပ

ဒုတိယအကြိမ် မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ်ကွန်ရက်ညီလာခံ ထားဝယ်မြို့တွင်ကျင်းပ
SMJN ဒုတိယအကြိမ်ညီလာခံ(MNA)
SMJN ဒုတိယအကြိမ်ညီလာခံ(MNA)
မွန်၊ ကရင်ပြည်နယ်နှင့် တနသာင်္ရီတိုင်းဒေသကြီးရှိ မီဒီယာသမားများနှင့် ဖွဲ့စည်းထားသည့် မြန်မာပြည်တောင်ပိုင်းဂျာနယ် လစ်ကွန်ယက်၏ ဒုတိယအကြိမ်ညီလာခံကို တနသာင်္ရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ မတ်လ ၁၉ နှင့် ၂၀ ရက်များတွင် နှစ်ရက်တာကျင်းပလျှက်ရှိသည်။

ဒေသတွင်းရှိ သတင်းမီဒီယာများ ချိတ်ဆက်မူအားကောင်းလာရန် သတင်းပညာမြှင့်တင်နိုင်ရေးနှင့် ကွန်ယက်ချိတ်ဆက်မှု အားကောင်းလာစေရန်အတွက် ရည်ရွယ်ကာ ညီလာခံ ကျင်းပခြင်းဖြစ်ကြောင်း မြန်မာပြည််တောင်ပိုင်းဂျာနယ်လစ်ကွန်ရက်မှ ညှိနှိုင်းရေးမှူး ဦးတင့်လွင်က ပြောသည်။

တနသာင်္ရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက “လွှတ်တော်နှင့်အုပ်ချုပ်ရေးမဏ္ဍိုင်များမှ ပြည်သူများထံသို့ပေးလိုသည့် သတင်းအချက်အလက်များကိုလည်း အချိန်နှင့်တပြေးညီရောက်ရှိပြီး ပြည်သူများ နားလည်သဘောပေါက်သွားအောင် ဆောင်ရွက်ပေးရမယ့် ကိစ္စဟာလည်း သတင်းမီဒီယာများရဲ့တာဝန်ဖြစ်ကြောင်း” အဆိုပါညီလာခံတွင် ပြောကြားသွားသည်။

သတင်းမီဒီယာလုပ်ငန်းသည် အစိုးရနှင့်ပြည်သူအကြား ပြည်သူများ သိရှိရန်လိုအပ်သည့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ရမည်ဖြစ်ပြီး မျှတစွာတင်ပြရန်လည်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံဂျာနယ်လစ်ကွန်ယက် အတွင်းရေးမှူး  ဦးဇေယျာလှိှုင် က “အခုလိုနိုင်ငံရေးအပြောင်းအလဲမှာ မီဒီယာအသင်းအဖွဲ့တွေ ဖွဲ့စည်းနိုင်တာဟာ အရင်ကတော့ ဒီလိုဖွဲ့စည်းခွင့် မရခဲ့ပါဘူး။ အရင်အစိုးရက ပိတ်ပင်တားဆီးထားတယ်၊ အခုလိုသတင်းသမားအဖွဲ့အစည်းတွေ ပေါ်လာခြင်းဟာ ကျွန်တော်တို့ကတော့ ကြိုဆိုတယ်၊ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ရပိုင်ခွင့်တွေ၊ သတင်းသမားတွေရဲ့ အရည်အသွေး မြှင့်တင်ရေးဆိုင်ရာတွေအတွက် ပိုမိုကောင်းမွန်ပါတယ်လို့ ကျွန်တော်မြင်ပါတယ်” ဟု ပြောသည်။

ညီလာခံတွင် တောင်ပိုင်းဂျာနယ်လစ်ကွန်ရက်မှ သတင်းသမားများ ရေးသားထားသည့်သတင်းများကို ရွေးချယ်ကာ ဆုများလည်းချီးမြှင့်ခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းသည် သတင်းသမားများ ပိုမိုကြိုးစားလာစေရန် အတွက်ဖြစ်ကြောင်းသိရသည်။ ညီလာခံကို တနသာင်္ရီတိုင်းဒေသကြီးမှ လွှတ်တော်ဥက္ကဋ္ဌနှင့် စည်ပင်သာယာရေးဝန်ကြီးတို့ တက်ရောက်ခဲ့သည်။ ထို့အပြင် မွန်၊ကရင်နှင့် တနသာင်္ရီတိုင်းမှ မီဒီယာသမားများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းမှလည်း တက်ရောက်ခဲ့သည်။

မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ်ကွန်ရက်ကို ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် အဖွဲ့ဝင် ၂၇ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ အဖွဲ့ဝင် ၆၀ ကျော်ရှိပြီး ပထမအကြိမ်ညီလာခံကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် မော်လမြိုင်မြို့၌ ကျင်းပခဲ့သည်။

Most read this week

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...