အဆိုပါမြေလွတ်၊ မြေလပ်နေရာများသည် စက်မှုဝန်ကြီးဌာနမှ မန်နေဂျာနှင့် မြေစာရင်းဦးစီးဌာနတို့ ပူးပေါင်းကာ ဦးခင်မောင်နှင့် အခြားသောပုဂ္ဂိုလ် ရ ဦးအား ရောင်းချခဲ့ခြင်းအပေါ် အုပ်ချုပ်ရေးမှူးနှင့် ရွာသားများက မကျေနပ် ကြ၍ တောင်းဆိုခြင်းဖြစ်သည်ဟု ကွမ်းလှာကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးအောင်က ပြောသည်။
“ပုံစံ ရ ရဖို့ဆိုတာက ကျေးရွာအုပ်ချုပ်ရေးမူးဆီကနေလာရမယ်။ ကျေးရွာအုပ်ချုပ်ရေးမူးကမသိရဘဲနဲ့ မြို့နယ် မြေစာရင်းစီးဦးဌာ နမှာလျှောက်ပြီးတော့ ပုံစံ ရ ရလာတာပေါ့။ ဒါကိုကျွန်တော်တို့ကမကျေနပ်ဘူး။ ကျွန်တော်တို့ ရွာမြေကိုကျွန်တော်တို့ ဘာမှလည်းမသိရဘဲနဲ့ သူတို့ဒီအတိုင်းရသွားတာကိုတော့ကျွန်တော်တို့ဘယ်လိုနည်းနဲ့မှ မကျေနပ်နိုင်ဘူး” ဟု သူက ဆက်ပြောသည်။
ထိုမြေများကို ၀ယ်ယူခဲ့သည့် သူများသည် ကျေးရွာအုပ်ချုပ်ရေးမှူးထံတွင် ပုံစံ ၁ လာရောက်ထုတ်ယူခြင်းမရှိဘဲ မြို့နယ်မြေစာရင်းဦးစီးဌာနတွင် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ရ ကို တိုက်ရိုက် လျှောက်ထား၍ ရယူခဲ့ကြောင်းသိရသည်။
ယင်း ပုံစံ ရ ကို (၁၇ ရက်၊ ၁၀ လ ၂၀၁၃) ရက်စွဲဖြင့် မုဒုံမြို့နယ် မြေစာရင်းဦးစီးဌာနတွင် လျှောက်ထားခဲ့ပြီး (၁၈ ရက် ၁၀လ ၂၀၁၃) ရက်နေ့တွင် အဆိုပါ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ရ ကို ရရှိခဲ့ခြင်းဖြစ်ကြောင်းဖြစ် သည်ဟုလည်း ဦးစိုးအောင်က ပြောသည်။
ထိုမြေရှိ ရာဘာပင်များကို ခုတ်လှဲရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လာရောက်ပြောကြား သည့်အခါ မှသာ ကျေးရွာအုပ်ချုပ်ရေးမှူးက သိရကြောင်း ၎င်းကဆက်ပြောသည်။
ထို့ကြောင့် ဇန်နဝါရီလ ၉ ရက် ၂၀၁၆ တွင် ကျေးရွာကော် (၃) ကော်မတီမှ မွန်ပြည်နယ်အစိုးရအဖွဲ့ထံသို့ တင်ပြခဲ့ပြီး ကျေးရွာနေ ပြည်သူ ၄၈၃ ဦးမှလည်း ယင်းကဲ့သို့ မမှန်မကန်သောနည်းလမ်းဖြင့် ပုံစံ ရ ရရှိခြင်းကိစ္စအပေါ် ကန့်ကွက်ကြောင်းလက်မှတ်ရေးထိုးကာ
မွန်ပြည်နယ်အစိုးရနှင့် ပြည် ထောင်စုအစိုးရထံသို့ ပေးပို့ခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၁၆ ခုနှစ် ရက်စွဲဖြင့် ပွင့်လင်းမြင်သာမှုမရှိဘဲ လယ်မြေ လုပ်ပိုင်ခွင့်လက်မှတ် (လယ်ယာမြေပုံစံ ရ) ရရှိထားခြင်းကိစ္စအာ စိစစ်ပေးရန် စုဖွဲ့စိစစ်ရေးအဖွဲ့ တစ်ရပ်ဖွဲ့ စည်းကား မြို့နယ်အုပ်ချုပ်ရေး မှုးမှု တာဝန်ပေးအပ်လိုက်သည်။
“အခုကျွန်တော်တို့ဦးခင်မောင်တစ်ယောက်ကိုပဲ စစ်ဆေးရသေးတယ်။ ကျန်တဲ့ ရ ယောက်ကို မစစ်ဆေးရ သေးဘူး။ မြေစာရင်းကနေစာရင်းရရင်တော့ ကျွန်တော်တို့ထပ်စစ်ရမယ် အခုက မပြီးသေးဘူး။ ဖေဖော်ဝါရီလ ၂၂ ရက်ကနေစပြီးတော့ ကျွန်တော်တို့စစ်ဆေးနေတာ။မြေစာရင်းကနေ စာရင်းတွေမရသေးလို့ ကျွန်တော်တို့ နည်းနည်းကြန့်ကြာနေတာ” ဟု စုဖွဲ့စိစစ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ မုဒုံမြို့နယ်မြေစာရင်းစီမံကိန်းဦးစီးဌာနမှ ဦးလှ ဆွေက ပြောသည်။
ယခင်က ယခုကဲ့သို့သောမြေယာပြဿနာများမရှိကြောင်းနှင့် ယခုအခါမြေယာနှင့်ပတ်သက်သည့် ပြဿနာ များစွာရှိကြောင်းလည်း ၎င်းကဆက်ပြောသည်။ ကျန်ရှိနေသည့် မြေကွက်ဝယ်ယူသူ ရ ဦးအားစစ်ဆေးမေးမြန်းပြီးပါက မြို့နယ်စီမံကိန်းဦးစီးဌာနနှင့် မြေစာရင်း ဦးစီးဌာနအပါအဝင် တာဝန်ရှိသူများက ကွင်းဆင်းကာ လေ့လာစစ်ဆေးမည်ဖြစ်ကြောင်းလည်း သိရသည်။







