မုဒုံမြို့နယ်၊ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ အတွဲဖက်တွင်းရေးမှူး မွန်အရှင်သီဟ က” ဦးဇင်းတို့က တပို့တွဲလဆုပ် ၁၁ ရက်နေ့မှာ နွေရာသီ မွန်စာပေနဲ့ ယဉ်ကျေးမှု သင်တန်းကျောင်း စတင်ဖွင့်လှစ် သင်ကြားပြီးတော့ တပေါင်း လဆုပ် ၁၂ ရက်နေ့မှာ မြို့နယ်အဆင့် စာမေးပွဲ ဖြေသွားမှာ ဖြစ်ပါတယ်၊ ဒီကြားထဲမှာ အချိန်တစ်လပဲ ရပါတယ်၊ အချိန်တစ်လ ရတဲ့အထဲမှာ သင်သွားရမှာ ဖြစ််ပါတယ်” ဟု မိန့်ကြားသည်။
မုဒုံမြို့နယ်တွင် တစ်ခြား မြို့နယ်များထက် နွေရာသီ မွန်စာပေ နှင့် ယဉ်ကျေးမှု သင်တန်းကျောင်း အစောဆုံးဖွင့်လှစ် သင်ကြားရခြင်းမှာလည်း မုဒုံမြို့နယ်ရှိ ကလေး အများစုမှာ အစိုးရ အတန်းတင် စာမေးပွဲ ဖြေပြီးပြီးချင်း ကျုုရှင်တက်ရကြောင်း၊ အချိန်တစ်လ အတောအတွင်း မွန်စာပေအချိန်လုပြီးသင်ကြားနေရကြောင်း၊ ကျုုရှင်လည်း မပျက်စေဘဲ နွေရာသီ မွန်စာပေသင်တန်းတက်ရောက်နိုင်ရန် အခြားမြို့နယ်များထက် စောပြီး ဖွင့်လှစ်သင်ကြားနေရကြောင်း ဆက်လက်မိန့်ကြားသည်။
မုဒုံမြို့နယ်ရှိ တိုက်နယ် ၁၁ ခုတွင် မွန်ဘုန်းတော်ကြီးကျောင်း ၈၇ ကျောင်း၌ နွေရာသီ မွန်စာပေသင်ကြား နေကြောင်း သိရသည်။

တာပသွန်ကျေးရွာတွင် နွေရာသီ မွန်စာပေသင်ကြားနေစဉ်(MNA)
အလားတူ အချို့ကျေးရွာများတွင် မူလတန်းကျောင်းများ၊ အစုအရပ်တစ်ခု၌ မဏ္ဍပ်ဆောက်လုပ်၍လည်းကောင်း၊ အိမ်များတွင်လည်းကောင်း မွန်စာပေသင်ကြားနေသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။
တာပသွန်ကျေးရွာတွင် မွန်စာပေသင်ကြားပေးနေသူ မိယဉ်စနိုင်းမွန် က “ မွန်စာပေ တိုးတက်မြင့်မားလာဖို့ ရည်ရွယ်ပါတယ်၊ ဂုဏ်ပြုတာတွေလည်း မမျှော်မှန်းပါဘူး၊ မွန်စေတနာ ဆရာမ တစ်ဦးအနေနဲ့ ဒီတစ်လထဲမှာ ပြည့်ပြည့်ဝဝ သင်ကြားသွားမယ်၊ သင်ခန်းစာ တစ်ခု နှစ်ခု သင်ပြီးရင် အစမ်းစာမေးပွဲ ပေးဖြေကြည့်တယ်၊ တစ််လမှာ ၅ ကြိမ်၊ ၆ ကြိမ်လောက် အစမ်းစာမေးပွဲ ပြုလုပ်ပေးတယ်” ဟုပြောသည်။
မုဒုံမြို့နယ်တွင် သာယာကုန်း- တာပသွန် တိုက်နယ်၊ ကွေ့ဝမ်- နိုင်းပြိုင် တိုက်နယ်၊ ကော့ခပုံ- ကွမ်တာ တိုက်နယ်၊ မုဒုံ တိုက်နယ်၊ ညောင်ကုန်း တိုက်နယ်၊ တော်ကူး တိုက်နယ်၊ နိုင်လှုံ တိုက်နယ်၊ ကမာဝက် တိုက်နယ်၊ ကလော့သော့ တိုက်နယ်၊ ဒိုးမား- ဆက်သွယ် တိုက်နယ်၊ နှီးဗဒေါ တိုက်နယ် တို့နှင့် ဖွဲ့စည်းထားသည်။
နွေရာသီ မွန်စာပေ နှင့် ယဉ်ကျေးမှု သင်တန်းကျောင်း ဖွင့်လှစ်သင်ကြားနေသည့် နေရာများတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ တနသာင်္ရီတိုင်း နှင့် မွန်လူမျိုးများ နေထိုင်သည့် နေရာဒေသတွေများမှာ နွေရာသီ မွန်စာပေသင်တန်းကျောင်း သင်ကြားနေကြောင်း သိရသည်။







