မွန်ပြည်နယ်မော်တော်ယာဉ်လေလံပွဲ ယမန်နေ့တွင်ဖျက်သိ်မ်း

မွန်ပြည်နယ်မော်တော်ယာဉ်လေလံပွဲ ယမန်နေ့တွင်ဖျက်သိ်မ်း
မွန်ပြည်နယ်မော်တော်ယာဉ်လေလံပွဲ(MNA)
မွန်ပြည်နယ်မော်တော်ယာဉ်လေလံပွဲ(MNA)
မွန်ပြည်နယ်အတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့သည့် တရားမဝင် လိုင်စင်မဲ့ မော်တော်ယာဉ်များကို မြို့နယ်တရားရုံးများမှ အမှုပြီးပြတ်သည့်ကားများ ပြည်နယ်အစိုးရရုံး၌ လေလံတင်ရောင်းချမည့််အစီအစဉ် ယမန်နေ့က ဖျက်သိမ်းခဲ့သည်။

လေလံတင်ရောင်းချမည့် မော်တော်ကား ၁၁၇ စီးကို ပြည်ထောင်စုစီမံ၊ စီးပွားဝန်ကြီးဌာနသို့ အပ်နှံရမည်ဖြစ်သောကြောင့် ဖျက်သိမ်းခြင်းဖြစ်ကြောင်း လေလံတင်ရောင်းချရေး ကော်မတီမှသိရသည်။

လေလံတင်ရောင်းချရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမင်းနွယ်စိုးက ”မနေ့က ညဦးပိုင်းမှာ ကျွန်တော့်ဆီကို ညွှန်ကြားချက်တစ်ခုလာပါတယ်၊ ကျွန်တော်တို့ပြည်နယ်က လေလံတင် ရောင်းချမယ့်ကားတွေကို ပြည်ထောင်စု စီမံ၊စီးပွားဝန်ကြီးဌာနကိုအပ်ပါ။ နောက်ပြီးလို့ရှိရင် မွန်ပြည်နယ်အတွင်း အမှန်တကယ်လိုအပ်သည့် ဌာနများသို့ မျှတစွာပြန်လည်ထုတ်ပေးသွားရန် အကြောင်းကြားပါသည် ဆိုပြီးတော့ ကျွန်တော်တို့ကို ညွှန်ကြားလာပါတယ်” ဟု ပြောသည်။

အဆိုပါလေလံပွဲဖျက်သိမ်းခြင်းကြောင့် မကျေမနပ်ဖြစ်မိကြောင်း မော်တော်ယာဉ် လေလံဆွဲမည့်သူများက ပြောသည်။

လေလံဆွဲမည့် ဦးဇော်လွင်က “ဦးတို့အနေနဲ့ အချိန်တွေကုန် ၊ပိုက်ဆံတွေအကုန်ခံပြီးတော့ ဒီလေလံပွဲကိုလာရတာ။ ကား ၁၁၇ စီးရှိတယ်၊ ဦးကတော့ ဖောင်အစောင် ၃၀ ၀ယ်ထားတယ်။ ဖောင်တစ်စောင်ကို ၅ ထောင်ကျပ်ပေးရတယ်၊ ကားတစ်စီးအတွက်ဆိုရင် စရံငွေကျပ်သိန်း ၂၀ ပေးထားရတယ်” ဟု ပြောသည်။

လေလံဆွဲမည့်သူများအနေဖြင့် ပယ်ဖျက်သည့်စာအမှတ်အား တောင်းခံသော်လည်း လေလံကော်မတီမှ ပေးခွင့်မရှိကြောင်း၊ အလိုရှိပါက ပြည်နယ်အစိုးရရုံး အဖွဲ့သို့ တောင်းခံနိုင်ကြောင်း လေလံကော်မတီက ပြောသည်။

“ကြေညာထားတဲ့အတိုင်း ကျွန်တော်တို့က မှန်မှန်ကန်ကန် လေလံပြန်ပေးစေချင်တယ်။ ဒါကို ဘာကြောင့် ဖျက်သလဲဆိုတာကို သူတို့ဘက်က တိတိကျကျမရှင်းပြဘဲ ပယ်ဖျက်တဲ့အတွက် မကျေမနပ်ဖြစ်တယ်” ဟု မော်တော်ယာဉ်လေလံဆွဲသူ ကိုတင်ထွန်းအောင်က ဆက်ပြောသည်။

ယင်းကဲ့သို့ မော်တော်ယာဉ် လေလံပွဲပျက်သွားသဖြင့် လေလံဆွဲမည့်သူ ၂၀ ဦးဝန်းကျင်ခန့် အချိန်နှင့်ငွေကြေးများ နစ်နာဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

မွန်ပြည်နယ်အတွင်း ဖမ်းဆီးရမိခဲ့သော မော်တော်ယာဉ်များကို မွန်ပြည်နယ်အစိုးရက ၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် ၂၉၁ စီး၊ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် ၁၅၀ စီးနှင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ၈၈ စီးတို့ကို လေလံတင် ရောင်းချခဲ့ပြီးဖြစ်သည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...