နှမ်းစျေးမကောင်းမည်ကို ဒေါတမကြီးအုပ်စုထဲမှ တောင်သူများ စိုးရိမ်ကြ

နှမ်းစျေးမကောင်းမည်ကို ဒေါတမကြီးအုပ်စုထဲမှ တောင်သူများ စိုးရိမ်ကြ
by -
ကန္တရဝတီ
နှမ်းကို အဓိကထားစိုက်ပျိုးကြသည့် ဒေါတမကြီးအုပ်စုအတွင်းရှိ တောင်သူများမှာ ယခုနှစ်တွင် နှမ်းစျေးမကောင်းမည်ကို စိုးရိမ်နေကြသည်။

ဒေါဆိုဖျကျေးရွာမှ ဒေါ်ကူးမိုက “ဟိုးပြီးခဲ့တဲ့ နှစ်တွေတုန်းကတော့ ကိုက်တာပေါ့နော။ ဒါပေမဲ့ အရင်နှစ်ကတော့ သိပ်မကိုက်ဘူး။ နှမ်းတွေတက်ရောင်းတာက စျေးက ၂၉၀၀ တချို့ ၂၈၅၀ တချို့ ပေါ့။

နှမ်းတွေအပေါ်မှာလည်းမူတည်သေးတယ် စျေးက။ လှရင်တော့ တမျိုး၊ မလှရင်တမျိုးပေါ့နော။”ဟု ပြောသည်။

ဒေသခံများအနေဖြင့် နှမ်းများကို လွိုင်ကော်ရှိ ပွဲစား၊ အဝယ်ဒိုင်များထံ သွားရောက် ရောင်းချကြရသော်လည်း နှမ်းကို စျေးကောင်းမရကြကြောင်း ဆိုသည်။

အချို့သော တောင်သူများအနေဖြင့် နှမ်းမပေါ်မီအချိန်ကတည်းကပင် ငွေလိုအပ်ချက်ကြောင့် ကြိုတင် ငွေတွေ ရယူပြီး စျေးပေါပေါဖြင့် ရောင်းချရခြင်းလည်း ရှိကြောင်း သိရသည်။

ဒေါဆိုဖျကျေးရွာမှ ဦးတာရယ်က “ပွဲစားတွေက စျေးကစားတယ်လေနော အဲ့ဒီလွိုင်ကော်မှာ အမှန်ဆိုရင် ဒီထိလာဝယ်ခိုင်းရင် ကောင်းတယ်လေနော ဒီမှာနှမ်းထွက်တယ်ကွာ လွိုင်ကော်မှာသွားရောင်း အဝယ်သမားကလည်း စျေးနိမ်တယ် အဲ့လိုမျိုးလေ။ စျေးနိမ်ပြန်လည်း ပိုက်ဆံမရှိတဲ့လူက စားသုံးဖို့လိုတယ်လေနော သွားပေါင်တယ် သွားရောင်းတယ် အဲ့လိုမျိုးပေါ့” ဟု ပြောသည်။

ဒေါတမကြီးကျေးရွာအုပ်စုတွင် ဝင်ငွေရရှိရန် အဓိက စိုက်ပျိုးသီးနှံအဖြစ် နှမ်း၊ မြေပဲတို့ကို စိုက်ပျိုးကြသည်။

တောင်သူများအတွက် ပွဲစားများ စျေးကစားခြင်းမပြုလုပ်နိုင်ရန် အစိုးရမှ တရားဝင် စျေးကွက် ထားပေးစေချင်ကြောင်း ဒေါညေးခူကျေးရွာမှ တောင်သူတစ်ဦးက ပြောသွားသည်။

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...