Lot 1 အတွက် လွှတ်တော်ရုံးကို ကျပ်သန်း ၁၆၃၅၊ Lot 2 အတွက် ဒုညွှန်ချုပ်နှင့် ညွှန်ချုပ်အိမ်ကို ကျပ်သန်း ၁၁၅ နှင့် Lot 3 အတွက် ဝန်ထမ်းအိမ်ရာ ၂ ထပ်ဆောင် ၂ လုံးကို ကျပ်သန်း ၅၇၅ အသုံးပြုသွားမည်ဖြစ်သည်။
ပြည်နယ်ရန်ပုံငွေဖြင့် တည်ဆောက်သွားမည့် အဆိုပါ လွှတ်တော်ဆိုင်ရာအဆေက်အအုံများ တည်ဆောက်ရေးနှင့် ပတ်သက်၍ ဇူလိုင်လ ၉ ရက်နေ့က ကယားပြည်နယ်လွှတ်တော်ဥက္ကဌနှင့် တင်ဒါဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဆောက်လုပ်ရေးကုမ္ပဏီများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
အရည်အသွေးကောင်းမွန်စေရန် အဓိကလုပ်ဆောင်သွားရန်နှင့် တည်ဆောက်ရေးလုပ်ငန်းအတွက် လိုအပ်မည့် သစ်များကို ရရှိစေရန် စီစဉ်ဆောင်ရွက်ပေးမည်ဟု ကယားပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးက လွိုင်ကော်မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်သွားသော တွေ့ဆုံပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
လက်ရှိတွင် ကယားပြည်နယ်လွှတ်တော်ရုံးခန်းများကို ကယားပြည်နယ် ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ကယားပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ရုံးခန်းဖွင့်လှစ်ထားခြင်းဖြစ်သည်။







