အသစ်တည်ဆောက်မည့် ကယားပြည်နယ်လွှတ်တော်အဆောက်အအုံအတွက် ကျပ်သန်း ၂၂၀၀ ကျော် အသုံးပြုမည်

အသစ်တည်ဆောက်မည့် ကယားပြည်နယ်လွှတ်တော်အဆောက်အအုံအတွက် ကျပ်သန်း ၂၂၀၀ ကျော် အသုံးပြုမည်
by -
ကန္တရဝတီ
ကယားပြည်နယ်လွှတ်တော်အဆောက်အအုံနှင့် ဆက်စပ်အဆောက်အဦးများကို ကျပ်သန်းပေါင်း ၂၂၀၀ ကျော်ဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

Lot 1 အတွက် လွှတ်တော်ရုံးကို ကျပ်သန်း ၁၆၃၅၊ Lot 2 အတွက် ဒုညွှန်ချုပ်နှင့် ညွှန်ချုပ်အိမ်ကို ကျပ်သန်း ၁၁၅ နှင့် Lot 3 အတွက် ဝန်ထမ်းအိမ်ရာ ၂ ထပ်ဆောင် ၂ လုံးကို ကျပ်သန်း ၅၇၅ အသုံးပြုသွားမည်ဖြစ်သည်။

ပြည်နယ်ရန်ပုံငွေဖြင့် တည်ဆောက်သွားမည့် အဆိုပါ လွှတ်တော်ဆိုင်ရာအဆေက်အအုံများ တည်ဆောက်ရေးနှင့် ပတ်သက်၍ ဇူလိုင်လ ၉ ရက်နေ့က ကယားပြည်နယ်လွှတ်တော်ဥက္ကဌနှင့် တင်ဒါဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဆောက်လုပ်ရေးကုမ္ပဏီများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အရည်အသွေးကောင်းမွန်စေရန် အဓိကလုပ်ဆောင်သွားရန်နှင့် တည်ဆောက်ရေးလုပ်ငန်းအတွက် လိုအပ်မည့် သစ်များကို ရရှိစေရန် စီစဉ်ဆောင်ရွက်ပေးမည်ဟု ကယားပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးက လွိုင်ကော်မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်သွားသော တွေ့ဆုံပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိတွင် ကယားပြည်နယ်လွှတ်တော်ရုံးခန်းများကို ကယားပြည်နယ် ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ကယားပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ရုံးခန်းဖွင့်လှစ်ထားခြင်းဖြစ်သည်။

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...