အသစ်တည်ဆောက်မည့် ကယားပြည်နယ်လွှတ်တော်အဆောက်အအုံအတွက် ကျပ်သန်း ၂၂၀၀ ကျော် အသုံးပြုမည်

အသစ်တည်ဆောက်မည့် ကယားပြည်နယ်လွှတ်တော်အဆောက်အအုံအတွက် ကျပ်သန်း ၂၂၀၀ ကျော် အသုံးပြုမည်
by -
ကန္တရဝတီ
ကယားပြည်နယ်လွှတ်တော်အဆောက်အအုံနှင့် ဆက်စပ်အဆောက်အဦးများကို ကျပ်သန်းပေါင်း ၂၂၀၀ ကျော်ဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

Lot 1 အတွက် လွှတ်တော်ရုံးကို ကျပ်သန်း ၁၆၃၅၊ Lot 2 အတွက် ဒုညွှန်ချုပ်နှင့် ညွှန်ချုပ်အိမ်ကို ကျပ်သန်း ၁၁၅ နှင့် Lot 3 အတွက် ဝန်ထမ်းအိမ်ရာ ၂ ထပ်ဆောင် ၂ လုံးကို ကျပ်သန်း ၅၇၅ အသုံးပြုသွားမည်ဖြစ်သည်။

ပြည်နယ်ရန်ပုံငွေဖြင့် တည်ဆောက်သွားမည့် အဆိုပါ လွှတ်တော်ဆိုင်ရာအဆေက်အအုံများ တည်ဆောက်ရေးနှင့် ပတ်သက်၍ ဇူလိုင်လ ၉ ရက်နေ့က ကယားပြည်နယ်လွှတ်တော်ဥက္ကဌနှင့် တင်ဒါဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဆောက်လုပ်ရေးကုမ္ပဏီများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အရည်အသွေးကောင်းမွန်စေရန် အဓိကလုပ်ဆောင်သွားရန်နှင့် တည်ဆောက်ရေးလုပ်ငန်းအတွက် လိုအပ်မည့် သစ်များကို ရရှိစေရန် စီစဉ်ဆောင်ရွက်ပေးမည်ဟု ကယားပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးက လွိုင်ကော်မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်သွားသော တွေ့ဆုံပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိတွင် ကယားပြည်နယ်လွှတ်တော်ရုံးခန်းများကို ကယားပြည်နယ် ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ကယားပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ရုံးခန်းဖွင့်လှစ်ထားခြင်းဖြစ်သည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...