ဖက်ဒရယ်တပ်မတော်နှင့် တစ်ခုတည်းသော တပ်မတော်မူ ဆွေးနွေးနေကြဆဲ

ဖက်ဒရယ်တပ်မတော်နှင့် တစ်ခုတည်းသော တပ်မတော်မူ ဆွေးနွေးနေကြဆဲ
by -
ကန္တရဝတီ
တပ်မတော်ဘက်မှ တင်ပြဆွေးနွေးလာသည့် တပ်မတော်တစ်ခုတည်းထားရှိရေး မူ နှင့် တိုင်းရင်းသားလက်နက်ကိုင်ဘက်မှ တင်ပြဆွေးနွေးလာသည့် ဖက်ဒရယ်တပ်မတော်ထားရှိရေးမူ တိုု့နှင့် ပတ်သက်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအစည်းဝေး ဒုတိယနေ့အထိ သဘောတူညီမှုရရှိရန် ဆက်လက် ဆွေးနွေးနေကြဆဲ ဖြစ်သည်ဟု တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး စိုးဝင်းနိုင် ကပြောပါသည်။

“တစ်ခုတည်းသောတပ်မတော်ထားရှိရေးက အဓိကကျပါတယ်။ ဒါကိုဆွေးနွေးနေတုန်းပါ၊ ကမ္ဘာမှာ တပ်မတော်တစ်ခုတည်း ထားရှိရေးကိုတော့ အားလုံးလက်ခံပါတယ်။ ကျနော်တို့တပ်မတော်ဘက်က တစ်ခုတည်းသောတပ်မတော်ထားရှိရေး တင်တာပဲ။ တစ်ခုတည်းထားရှိရေးပဲ ဆွေးနွေးနေရသေးတယ်” ဟု သူကပြောပါသည်။

နိုင်ငံတော်တွင် တစ်ခုတည်းသောတပ်မတော်ထားရိိှရေးကို တော်တော်များများသဘောတူကြသော်လည်း အခေါ်အဝေါ်အသုံးအနှုန်းတွင် အနည်းငယ်ညှိနေကြသည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) အဖွဲ့ဝင် ဦးရွှေမင်းက ထင်မြင်ပြောပြသွားသည်။

ဖက်ဒရယ်တပ်မတော် နှင့် ပြည်ထောင်စုတပ်မတော်ဟူသော အသုံးအနှုန်းတင်ပြမှုအပေါ် ကို်ယ်စားလှယ်တစ်ချို့ ငြင်းခုုန်ဆွေးနွေးနေကြခြင်းဖြစ်သည်ဟု ဆိုုသည်။

ဦးရွှေမင်းက “ ကျနော်တို့ကတော့ တစ်ခုတည်းသောတပ်မတော်ဖြစ်ရမယ်ဆိုတဲ့အပေါ်မှာတော့ ဘာမှပြောစရာမရှိဘူး။ ဒါကအားလုံးသဘောတူတဲ့ကိစ္စဖြစ်တယ်။ ဒါပေမယ့် အခေါ်အဝေါ်နဲ့ သူရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်မှာတော့ အားလုံးဝိုင်းဝန်းညှိနှိုင်းပြီးတော့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုတော့ လုပ်လို့ရမယ်လို့ မြင်ပါတယ် ” ဟုု ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ကဏ္ဍကြီး၄ရပ်ခွဲခြားကာ ဆွေးနွေးနေကြပြီး၊ နိုင်ငံရေးကဏ္ဍတွင် အချက် ၂၁ချက်၊ စီးပွားရေးကဏ္ဍတွင် အချက် ၁၀ချက်၊ လူမှုရေးကဏ္ဍတွင် အချက် ၄ချက် နှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍတွင် အချက် ၆ချက် စုစုပေါင်း ၄၁ချက်ကို ဆွေးနွေးသွားမည်ဖြစ်ပြီး ဆွေးနွေးထားချက်များကို စုစည်းထားပြီး UPDJC သို့တင်ပြသွားမည်ဖြစ်သည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...