“တစ်ခုတည်းသောတပ်မတော်ထားရှိရေးက အဓိကကျပါတယ်။ ဒါကိုဆွေးနွေးနေတုန်းပါ၊ ကမ္ဘာမှာ တပ်မတော်တစ်ခုတည်း ထားရှိရေးကိုတော့ အားလုံးလက်ခံပါတယ်။ ကျနော်တို့တပ်မတော်ဘက်က တစ်ခုတည်းသောတပ်မတော်ထားရှိရေး တင်တာပဲ။ တစ်ခုတည်းထားရှိရေးပဲ ဆွေးနွေးနေရသေးတယ်” ဟု သူကပြောပါသည်။
နိုင်ငံတော်တွင် တစ်ခုတည်းသောတပ်မတော်ထားရိိှရေးကို တော်တော်များများသဘောတူကြသော်လည်း အခေါ်အဝေါ်အသုံးအနှုန်းတွင် အနည်းငယ်ညှိနေကြသည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) အဖွဲ့ဝင် ဦးရွှေမင်းက ထင်မြင်ပြောပြသွားသည်။
ဖက်ဒရယ်တပ်မတော် နှင့် ပြည်ထောင်စုတပ်မတော်ဟူသော အသုံးအနှုန်းတင်ပြမှုအပေါ် ကို်ယ်စားလှယ်တစ်ချို့ ငြင်းခုုန်ဆွေးနွေးနေကြခြင်းဖြစ်သည်ဟု ဆိုုသည်။
ဦးရွှေမင်းက “ ကျနော်တို့ကတော့ တစ်ခုတည်းသောတပ်မတော်ဖြစ်ရမယ်ဆိုတဲ့အပေါ်မှာတော့ ဘာမှပြောစရာမရှိဘူး။ ဒါကအားလုံးသဘောတူတဲ့ကိစ္စဖြစ်တယ်။ ဒါပေမယ့် အခေါ်အဝေါ်နဲ့ သူရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်မှာတော့ အားလုံးဝိုင်းဝန်းညှိနှိုင်းပြီးတော့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုတော့ လုပ်လို့ရမယ်လို့ မြင်ပါတယ် ” ဟုု ပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ကဏ္ဍကြီး၄ရပ်ခွဲခြားကာ ဆွေးနွေးနေကြပြီး၊ နိုင်ငံရေးကဏ္ဍတွင် အချက် ၂၁ချက်၊ စီးပွားရေးကဏ္ဍတွင် အချက် ၁၀ချက်၊ လူမှုရေးကဏ္ဍတွင် အချက် ၄ချက် နှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍတွင် အချက် ၆ချက် စုစုပေါင်း ၄၁ချက်ကို ဆွေးနွေးသွားမည်ဖြစ်ပြီး ဆွေးနွေးထားချက်များကို စုစည်းထားပြီး UPDJC သို့တင်ပြသွားမည်ဖြစ်သည်။







