နိုင်ငံတော်တည်ဆောက်မည့်အခန်းကဏ္ဍတွင် မျိုးနွယ်စုငယ်များပါဝင်ခွင့်အားနည်း

နိုင်ငံတော်တည်ဆောက်မည့်အခန်းကဏ္ဍတွင် မျိုးနွယ်စုငယ်များပါဝင်ခွင့်အားနည်း
by -
ကန္တရဝတီတိုင်း(မ်)
ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံတည်ဆောက်မည့်အခန်းကဏ္ဍအပိုင်းတွင် တိုင်းရင်းသားမျိုးနွယ်စုငယ်များ ပါဝင်ခွင့် အားနည်းနေ သည်ဟု ကော်ယော်မျိုးနွယ်စုကိုယ်စားလှယ် မာတီးယာက ပြောသည်။

နိုင်ငံရေးပါတီမရှိသည့် မျိုးနွယ်စုများ၊ လက်နက်ကိုင်အဖွဲ့အစည်းမရှိသည့် မျိုးနွယ်စုများက နိုင်ငံတော်၏ အခန်းကဏ္ဍများတွင်ပါဝင်ခွင့် အားနည်းနေသည့်အတွက် ရှေ့ဆက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ မျိုးနွယ်စုငယ်များအတွက် အခန်းကဏ္ဍများကို  ထည့်သွင်းစဉ်းစားပေးနိုင်ရန် လိုအပ်သည်ဟု ဆိုသည်။

” ငြိမ်းချမ်းရေးဆွေးနွေးပွဲပဲပြောပြော ၊ အမျိုးသားချင်းနိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်း လမ်းညွန်ရေးဆွဲတဲ့အချိန်မှာသို့မဟုတ် မူဘောင်တွေရေးဆွဲတဲ့အချိန်မှာ ဒီဟာကို မပါ နိုင်တဲ့မျိုးနွယ်စုတွေကို အခန်းဏ္ဍတစ်ခုအနေနဲ့ ဖော်ပြပေးဖို့ပါ။” ဟု မာတီးယာက ပြောသည်။

တိုင်းရင်းသားလူမျိုးစုများ ရသင့်ရထိုက်သော အခွင့်အရေးရရှိရန်၊ တိုင်းရင်းသားလူမျိုးစုငယ်များက ငြိမ်းချမ်းရေးဖက် ဒရယ်လုပ်ငန်းစဉ်တွင် ပါဝင်ရန် ၊ အခွင့်အလမ်းပေးရှိရန် ၊ တန်းတူအခွင့်အရေးရရှိရန် ၊ မိမိတို့ဒေသတွင် သံယံဇာတထုတ်ယူခြင်း၌ အခွင့်အရေးမထိခိုက်စေရန်၊ ရိုးရာဓလေ့များကိုဖော်ထုတ်နိုင်ရန် ၊ စာပေ မြင့်တင်ပေးရန် ၊ ပညာရေး ၊ ကျန်းမာရေး အခန်းကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်ရန် စသည်တို့ကို မာတီးယာက ပင်လုံညီလာခံ၌ တင်ပြခဲ့သည်။

၂၁ပင်လုံညီလာခံသည် ငြိမ်ချမ်းရေးအတွက် တိုင်းရင်းသားများအားလုံးဖြစ်ချင်သည့် ဆန္ဒများကို ဖော်ထုတ်ပြီး စုပေါင်းအဖြေရှာရ မည့်နေရာဖြစ်သည့်အတွက် အချိန်ကို ယူပြီးလုပ်ရမည်ဖြစ်ကြောင်း ကယောလူမျိုးစု ကိုယ်စားလှယ် ပေါလ်သယ်မောအီကပြောသည်။

“ဒီမိုကရေစီဆိုတာလက်ဆောင်မဟုတ်ဘူး။ ရယူရတယ်၊ ဆွေးနွေးရတယ်၊တိုက်ယူရတယ်။ခိုက်ယူရတယ်။ ဒါမှသာလျှင် ကျနော်တို့လိုလားတမ်းတတဲ့ ဒီဖက်ဒရယ်ပြည်ထောင်စုကြီးလာမည့်နှစ်တွေမှာ ရရှိမှာဖြစ်ပါတယ်။” ဟု ပေါလ်သယ်မောအီ က ပြော သည်။

ကယား(ကရင်နီ)မျိုးနွယ်စု ၉ မျိုးရှိသည့်အနက် မိုနူးမိုနော(ကော်ယော်) မျိုးနွယ်စုနှင့် ယင်းတလဲမျိုးနွယ်စုများသည် လူဦးရေနည်းသည့် တိုင်းရင်းသားမျိုးနွယ်စုငယ်များဖြစ်ကြသည်။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...