၂၀၀၈ ဖွဲ့စည်းပုံ တပ်မတော်မှ တင်ပြချက်အပေါ် တိုင်းရင်းသားခေါင်းဆောင်များ လက်မခံ

၂၀၀၈ ဖွဲ့စည်းပုံ တပ်မတော်မှ တင်ပြချက်အပေါ် တိုင်းရင်းသားခေါင်းဆောင်များ လက်မခံ
by -
ကန္တရဝတီတိုင်း(မ်)
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို ဆက်လက်သွားနိုင်သည်ဟု ၂၁ ပင်လုံညီလာခံအတွင်း တပ်မတော်ဘက်မှ ပြောဆိုတင်သွင်းခဲ့ခြင်းအပေါ် တိုင်းရင်းသားများမှ လက်မခံနိုင်ကြောင်းနှင့် ၂၀၀၈ ဥပဒေကို ပြင်ဆင်သင့်ကြောင်း ပြောဆိုလိုက်သည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဒုဥက္ကဋ္ဌ ခူဦးရယ်က ၂၀၀၈ ဖွဲ့စည်းပုံထက် အတူတကွ လက်တွဲနိုင်သည့် ကိစ္စရပ်များနှင့် ဖက်ဒရယ်ကို တည်ဆောက်လိုသည်ဟု ဆိုလိုက်သည်။

ခူဦးရယ်က “ကျနော်ကတော့ ၂၀၀၈ကိုလည်း မဝေဖန်ချင်ဘူး။ ကျနော်တို့ သွားချင်တဲ့ ဖက်ဒရယ်ပုံစံမျိုးကိုပဲ ပြောကြတာ ကောင်းမယ်ထင်တယ်။ သူ့ဟာမကောင်းဘူး ကိုယ့်ဟာမကောင်းဘူးလို့ ပြောရင်တော့ ဘယ်တော့မှ ဆုံးမှာမဟုတ်ဘူး။ အားလုံး သဘောတူ လက်ခံနိုင်တဲ့ အခြေခံဥပဒေတစ်ခုကိုပဲ ကျနော်တို့ စဉ်းစားပြီး ရေးဆွဲကြတာတော့ ကောင်းမယ်ထင်တယ်။ ၂၀၀၈ ကိုတော့ ကျနော်ဘာမှ ဝေဖန်စရာမရှိပါဘူး” ဟုပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဗဟိုက ချုပ်ကိုင်သည့်စနစ်ဖြစ်သည့်အတွက် တစ်ပြည်ထောင် စနစ်ဆန်ပြီး လက်မခံနိုင်ကြောင်း မွန်ပြည်သစ်ပါတီ ဒု- ဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

” ပြည်နယ်လွတ်တော် ပြည်နယ်အစိုးရ ဒါပေမယ့် အာဏာအများစုက ဗဟိုကပဲ ချုပ်ကိုင်ထားတယ်။ ပြည်နယ် ဝန်ကြီးချုပ်ကိုလည်း ဗဟိုကပဲ ခန့်အပ်ပေးတယ်။ သမ္မတက ခန့်ယူတယ်ဆိုတော့ ဒါက တကယ့်ပြည်နယ်ဆိုတဲ့ဟာကအခွန်ပုံစံရှိနေပေမယ့် အာဏာမရှိတဲ့ပုံစံမျိုး။ အရင်းစစ်လိုက်ရင် ဒါက ဗဟိုက ချုပ်ကိုင်ထားတဲ့ တစ်ပြည်ထောင်စနစ် ဆန်ဆန်ပါပဲ။ ဒါကြောင့် ကျနော်တို့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ဖယ်ဒရယ်ဖွဲ့စည်းပုံလို့ လက်မခံဘူး။” ဟု ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဖြစ်ရန်အတွက် ဖွဲ့စည်းပုံကို ပြင်ဆင်ရန်လိုအပ်သည်ဟု ဆိုသည်။

” ဒါက အဓိကပေါ့လေ ဒီမိုကရေစီ ဖက်ဒရယ်စနစ် System တစ်ခု ဒါကတော့ ဘယ်လိုစုဖွဲ့ပြီးတော့ Structure ဘယ်နှစ်ပြည်နယ်ထဲ ဘယ်လိုစုဖွဲ့ရမလဲဆိုတဲ့ကိစ္စမှာ ၂၀၀၈ ဖွဲ့စည်းပုံကို အကုန်လုံးလက်ခံလို့ရှိရင် ကျနော်တို့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ လုပ်ဖို့ မလိုဘူးထင်တယ်။” ဟု KNU မှအထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...