စစ်တပ်မှ နှစ်ရှည်ပင်လာရောက်စိုက်ပျိုးသည့်အတွက် သီးနှံပင်များပျက်စီး

စစ်တပ်မှ နှစ်ရှည်ပင်လာရောက်စိုက်ပျိုးသည့်အတွက် သီးနှံပင်များပျက်စီး
by -
သံလွင်တိုင်းမ်
လွိုင်ကော်မြို့နယ် ဒေါဘူးငံ (၅) မိုင်ရွာသားများ သီးနှံများစိုက်ပျိုးထားသည့် မြေပေါ်တွင် စစ်တပ်မှ မြေကျင်းများတူးပြီး နှစ်ရှည်ပင်များ လာရောက်စိုက်ပျိုးသဖြင့် ပြောင်းပင်များနှင့် ပဲစင်းငုံကဲ့သို့သီးနှံပင်များ ပျက်စီးဆုံးရှုံးကာ နစ်နာမှုများကြံုတွေ့နေရကြောင်း ရွာသားများက ပြောဆိုသည်။

ဒေါဘူးငံ(၅)မိုင်ရွာသားများသည် မထေားခူကျေးရွာ အနောက်ဖက်ခြမ်းတွင် ၅ ဧကခန့် စိုက်ပျိုးထားခဲ့ကြပြီး အဆိုပါမြေမှာ တပ်ပိုင်မြေနှင့် အနီးအနားရှိနေသည့် နေရာဖြစ်ကြောင်း ရွာသားများက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

“တကယ်လို့ သူတို့က ကြိုပြောမယ်ဆိုရင် ကျနော်တို့က မလုပ်လို့လည်းရပါတယ်။ ဒါပေမယ့် ရှိနေပြီးမှ လုပ်စားရတဲ့ ပြည်သူလူထု တောင်သူတွေကလည်း မရှိမဲ့ရှိမဲ့ ဝမ်းစာ အသက်မွေးဝမ်းကြောင်းက ဒါပဲရှိတယ်။” ဖျက်ဆီးခံရသည့် သီးနှံပင်များ၏   တန်ဖိုးနစ်နာကြေးကိုသာ ပြန်လည်ရလိုကြောင်း ဒေါဘူးငံ/(၅)မိုင်ရွာမှ ဦးစရီးလိုက ပြောသည်။

ယင်းအဖြစ်အပျက်အတွက် နစ်နာခဲ့သည့် တောင်သူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ စုပေါင်းလက်မှတ်ထိုးပြီး ကယားပြည် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးသို့ အသနားခံစာပေးပို့ထားကြောင်း သိရသည်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒ.က.စ)(လွိုင်ကော်)သို့ သီးစားခ ပြန်လည်ပေးသွင်းပြီး စစ်တပ်မြေဧရိယာအတွင်းသို့ တောင်သူတစ်ချို့မှ လွန်ခဲ့သည့် ၃ နှစ်အထိ ဝင်ရောက် စိုက်ပျိုးလုပ်ကိုင်ခြင်းများ ရှိခဲ့သော်လည်း နောက်ပိုင်းနှစ်များတွင် ဝင်ရောက်လုပ်ကိုင် စိုက်ပျိုးခြင်းများမရှိတော့ကြောင်း သိရသည်။

ဒေါဘူးငံ /စံပြ (၅)မိုင်ရွာသားများအနေဖြင့် ယင်းစိုက်ပျိုးမြေများကို လွန်ခဲ့သည့် ၂၅ နှစ်ကတည်းက အစဉ်အဆက် စိုက်ပျိုးလာခဲ့ကြခြင်းဖြစ်ကြောင်းလည်း ရွာသားများ၏ ပြောပြချက်အရ သိရှိရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ဒကစ(လွိုင်ကော်)သို့ ကန္တာရဝတီတိုင်း(မ်)မှ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ခဲ့ခြင်းမရှိခဲ့ပေ။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...