ကြယ်ဖိုးကြီး အက္ခရာသုံး ကယားစာပေ ပြည်နယ်လွှတ်တော်တွင် အတည်ပြု

ကြယ်ဖိုးကြီး အက္ခရာသုံး ကယားစာပေ ပြည်နယ်လွှတ်တော်တွင် အတည်ပြု
by -
ကန္တရဝတီတိုင်း(မ်)
ကယားအမျိုးသား စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ အသစ် ပြန်လည်ရေးဆွဲသည့် ကြယ်ဖိုးကြီး အက္ခရာသုံး ကယားစာပေ သင်ရိုးညွှန်းတမ်းသစ်အား အသုံးပြု သင်ကြားရန် သဘောတူကြောင်း ကယားပြည်နယ်လွှတ်တော်က ဆုံးဖြတ်လိုက်ပြီဖြစ်သည်။

ကယားပြည်နယ် ပညာရေးမှူးမှ လက်ရှိ အစိုးရ စာသင်ကျောင်းများတွင် သင်ကြားနေသော သင်ရိုးညွှန်းတမ်းအား ကယားဘာသာသို့ပြန်ဆိုထားသည့်အတိုင်း မဟုတ်သည့်အတွက် ၎င်းအနေဖြင့် ခွင့်မပြုနိုင်ဟု တရားဝင်ပြောဆိုနေသည့်ကြားမှ ယင်းသင်ရိုးညွှန်းတမ်းအား စက်တင်ဘာလ ရ ရက်နေ့တွင် ပြည်နယ်လွှတ်တော်၌ အတည်ပြုလိုက်ခြင်း ဖြစ်သည်။

“လက်ရှိသင်ရိုးညွှန်းတမ်းမှာပါတဲ့ သင်ခန်းစာအချို့က ကျနော်တို့ ဒေသလူတွေမသိနိုင်ဘူးလေ။ ဥပမာ ဓ ဓနိတန်း ပင်လယ်ကမ်း အဲ့လိုမျိုးတွေက ဒီကလူတွေအတွက် မသိနိုင်ဘူလေ။ ဒေသနဲ့ ကိုက်ညီတဲ့ ပုံစံမျိုးပြန်ဆွဲလိုက်တာ။”ဟု ကယားအမျိုးသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး ဦးမိုးစက်အောင်လေး(ခ) ညို့ရယ်က ကန္တာရဝတီတိုင်းသို့ ပြောသည်။

ပြည်နယ်လွှတ်တော်တွင် အတည်ပြုလိုက်ပြီးနောက်ပိုင်း ပြည်ထောင်စုအဆင့် ပညာရေးဝန်ကြီးဌာနသို့ တင်ပြရမည်ဖြစ်ပြီး ထိုမှတဆင့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း အတည်ပြုရမည်ဖြစ်ကြောင်း ဦးမိုးစက်အောင်လေးက ပြောကြားသည်။

“ကယားပြည်နယ်လွှတ်တော် အတည်ပြုတယ်ဆိုတာ ဒါကျနော်တို့ အစပြုပေးတာ။ ပြီးရင််ဆင့်ကဲ ဆင့်ကဲ ဆက်လက်ပြီး ဆောင်ရွက်မယ်ဆိုရင် မြန်မာနိုင်ငံ ပုံနှိပ်ဖြန့်ချိထုတ်ဝေတဲ့ဌာနကနေ တရားဝင်ထုတ်ဝေရမယ်ပေါ့။”ဟု ၎င်းက ပြောကြားသည်။

ကြယ်ဖိုးကြီး အက္ခရာသုံး ကယားစာပေကို ၂၀၁၄ ခုနှစ်ကတည်းက အစိုးရမှ တရားဝင်အသိအမှတ်ပြု သုံးစွဲခွင့်ပြုထားပြီး မြန်မာနိုင်ငံရှိ အစိုးရစာသင်ကျောင်း၏ သင်ရိုးညွှန်းတမ်းအတိုင်း ကယားဘာသာသို့ ဘာသာပြန်ဆိုခဲ့သည်။ ယခင်သင်ရိုးညွှန်းတမ်းအချို့၌ အားနည်းချက်များရှိခဲ့သည့်အတွက် ဒေသနှင့် လိုက်လျောညီထွေဖြစ်ရန် ယခုသင်ရိုးညွှန်းတမ်းအသစ်အား မြန်မာနိုင်ငံတွင် ပြဌာန်ထားသည့် အမျိုးသား ပညာရေး ဥပဒေနှင့်အညီ ကယားအမျိုးသား စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ပြီး ယူနီဆက်၏ အကူအညီဖြင့် ရေးဆွဲထုတ်ဝေခဲ့ခြင်းဖြစ်သည်။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...