လေထုညစ်ညမ်းသည်ဟုဆိုသည့်ကြက်ခြံ နှစ်လအတွင်းပြောင်းမည်ဟုဂတိပေး

လေထုညစ်ညမ်းသည်ဟုဆိုသည့်ကြက်ခြံ နှစ်လအတွင်းပြောင်းမည်ဟုဂတိပေး
by -
ကန္တာရဝတီတိုင်း(မ်)
ပတ်ဝန်ကျင်လေထုညိညှမ်းသည့်အတွက် ကြက်ခြံ ပြောင်းရွေ့ပေးရန် ပြည်သူများ ချီတက်လမ်းလျောက်တောင်းဆိုခဲ့ပြီးနောက် နှစ်လအတွင်း လွိုင်ကော်မြို့နယ် ထီးပလောခူကျေးရွာ အနီးရှိကြက်ခြံ ပြောင်းပေးမည်ဟု သဘောတူညီမှုရရှိခဲ့ကြသည်ဟု ထီးပလော်ရွာမှ ဦးစန်းဦးက ပြောသည်။

ကြက်ခြံမှထွက်ရှိသည့်အနှံ့သည် ပတ်ဝန်းကျင်အတွက် ညှိညမ်းမှုဖြစ်စေသည်ဟုဆိုကာ ရွေ့ပြောင်းပေးရန် ချီတက်လမ်းလျှောက်တောင်းဆိုမှုများကို လွိုင်ကော်မြို့နယ် ထီးပလောခူကျေးရွာတွင် မေလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့ ကြသည်။

လမ်းလျှောက်တောင်းဆိုမှုပြုလုပ်အပြီး ကျေးရွာ ဘုန်းကြီးကျောင်းတွင် ဌာနဆိုင်ရာများ နှင့် ကြက်ခြံပိုင်၊ ဒေသခံများတို့က တွေ့ဆုံဆွေးနွေးခဲ့ကြကာ ထိုကဲ့သို့ သဘောတူညီမှုစာချုပ်ချုပ်ခဲ့ ခြင်းဖြစ်သည်။

“ မပြောင်းပေးရင်တော့ ဒီထက်ပြင်းထန်တဲ့အခြေအနေဖြစ်လာနိုင်တယ်။ ရွာသားတွေကလည်း သည်းမခံနိုင်ကြတော့ဘူးလေ"ဟု ဦးစန်းဦးက ပြောသည်။

၎င်းကြက်ခြံမှ ယင်ကောင်များသည် ကျေးရွာအတွင်း နေရာအနှံ့တွင် ဝင်ရောက်လာသည့်အတွက် ကျန်းမာရေးအတွက်ထိခိိုက်မည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်ဟု ထီးပလော်ခူးကျေးရွာမှ ဒေါ်ဘိုးမြာက ပြောသည်။

"အခုယင်ကောင်တွေကမြင်တဲ့အတိုင်းပဲ နေရာတိုင်းမှာပြန့်နေတာပဲ ထမင်းစား ရေသောက်ရင် အရမ်းသတိထားရတယ်။ တခါတလေ သတိမထားမိရင် ထမင်းပန်းကန်ထဲ ရေခွက်ထဲ ယင်ကောင်တွေက ရောက်လာတယ်။” ဟု ဒေါ်ဘိုးမြာက ပြောသည်။

ကလေး သူငယ်များဝမ်းပျက်ဝမ်းလျောဖြစ်ပြီး ဆေးရုံအထိ ဆေးကုသမှုခံယူခဲ့ကြရသူများ လည်းရှိခဲ့ကြောင်းဆိုပါသည်။

ကြက်ခြံသည် ၂၀၁၁ ခုနှစ်မှ စတည်ပြီး ၂၀၁၄ ခုနှစ်တွင် စပြီး ကြက်ချေးအနံ့ကြောင့် ယင်ကောင်များပေါများလာပြီး အနားရှိ ထီးပလော်ခူကျေးရွာ တွင်ပါ ယင်ကောင်များ ပုံမှန်နှစ်တွေထက် များလာနေကြောင်းသိရသည်။

ထိုကဲ့သို့ အနှံ့အသက်ဆိုးရွာလာသည့်အတွက် ပြောင်းရွေ့ပေးရန် သက်ဆိုင်ရာဌာဆိုင်ရာများသို့ တင်ပြတောင်းဆိုခဲ့သော်လည်း မည်သည်မျှ ပြောင်းလဲခဲ့ခြင်းမရှိကြောင်း သိရသည်။

ယင်ကောင်များ မပြန့်ပွားရန်သက်ဆိုင်ရာဌာနသို့တိုင်ကြားပြီး ကျန်းမာရေးဌာနကမှ နှစ်ကြိမ်လာရောက် စစ်ဆေးခဲ့ပြီးဖြစ်သည်။

နှစ်လအတွင်း မပြောင်းရွှေ့မှီ ယင်ကောင်မျာ ထပ်မံ မပြန့်ပွားအေစရန် ကျန်းမာရေးဌာနသို့ အကြောင်းကြားပြီး ဆေးဖျန်းခြင်းများလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...