မော်ချီး မြေပြိုမှု အန္တရာယ်ဇုံအတွင်း ရှိကျောင်းမှကလေးများ ကျောင်းတက်ရန်ခက်ခဲရှိ

မော်ချီး မြေပြိုမှု အန္တရာယ်ဇုံအတွင်း ရှိကျောင်းမှကလေးများ ကျောင်းတက်ရန်ခက်ခဲရှိ
by -
ကန္တာရဝတီတိုင်း(မ်)
ဖားဆောင်းမြို့နယ် မော်ချီးဒေသရှိ မူလတန်းစာသင်ကျောင်း ၄ ကျောင်းကို အန္တရာယ်ဇုံဟု သတ်မှတ်ထားသည့်အတွက် ယခုနှစ် ကျောင်းတက်မည့်ကလေးများ အခက်အခဲရှိနေသည်ဟု ဖားဆောင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးရန်နိုင်ဆွေက ပြောသည်။

စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရန် ဒေသခံများ အလိုရှိနေသည့်အတွက် ဦးရန်နိုင်ဆွေက ပြည်နယ်လွှတ်တော်သို့ အဆိုတင်သွင်းခဲ့ရာ လွှတ်တော်မှ နှုတ်ဖြင့်ကန့်ကွက်ခဲ့ကြောင်းသိရသည်။

“နှုတ်အနေနဲ့ ကန့်ကွက်တယ်ဆိုတာကလည်း ကျွန်တော်ကတော့ သူတို့ကို သေသေချာချာကိုယ်တိုင် ကိုယ်ကျလိုက်ကြည့်စေချင်တယ်၊ ဘာလို့လဲဆိုတော့ အန္တရာယ်ဇုန်အဖြစ်သတ်မှတ်တယ်ဆိုတာ ရွာအစွန်အဖျားမှာ သတ်မှတ်တာ။ စာသင်ကျောင်းတွေက အစွန်အဖျားတွေမှာဆောက်ထားတာ မဟုတ်ဘူး။ ရွာလယ်မှာဆောက်ထားတာ” ဟု ဦးရန်နိုင်ဆွေက ပြောသည်။

ယခင်နှစ်အတွင်း မြေပြိုစဉ်ကာလက ဘူမိဗေဒပညာရှင်များ အနေနှင့် လာရောက်ပြီး တိုင်းတာချက်အရ အန္တရာယ်ရှိသည်ဟု သတ်မှတ်သည့်နေရာတွင် မော်ချီးဒေသတွင်း စာသင်ကျောင်း လေးကျောင်းပါသည်။

၎င်းတို့မှာ အ.မ.က ၁၃ကုန်း၊ တောင်ပေါ်မူလွန် ၊ အ.မ.က ၁၆ကုန်း၊ အ.မ.က အောင်ချမ်းသာကျောင်း စသည့်ကျောင်း၄ကျောင်း ပါဝင်နေကြောင်းသိရသည်။ အစိုးရက အ.မ.က ၁၃ကုန်းကျောင်းကို ဒေသအခေါ် ၁၀မိုင်ကုန်းတွင် ထားရှိမည်ဖြစ်သည်။

သို့သော် ရွာသူ/သားများသည် ၎င်းတို့ရပ်ကွက်တွင်းရှိ ကျောင်းများတွင်ပင် ကလေးများကို ကျောင်းတက်စေလိုသည့်အတွက် ဒေသခံမိဘများက ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရန် တောင်းဆိုနေကြသည်။

အစိုးရက မည်သည့်နေရာတွင် ကျောင်းတက်ရမည်ကို ပြောပြပေးခြင်းမရှိသေးကြောင်း မော်ချီးဒေသခံ ကိုအာရုံဦးကပြောသည်။

ကျောင်းသွားတက်ရမည့် ၁၀မိုင်ကုန်းကျောင်းသည် သွားလာရသည်မှာ ဝေးလံပြီး အန္တရာယ်ရှိသည့်အတွက် မိဘများက စိုးရိမ်နေကြရသည်ဟု မော်ချီးဒေသမှ ကျောင်းတက်နေတဲ့ ကလေး၏ ဖခင်ဖြစ်သူ ဦးကျော်ဟိန်းက ပြောသည်။

“ကျနော်ကလေးကို ကျောင်းသွားထားရမယ်ဆိုတော့ လမ်းခရီးလည်း ဝေးတယ်၊ မိုးတွင်းကျောင်းသွား/လာ လုပ်ရင် ကျနော်တို့ သားသမီးတွေအတွက် စိုးရိမ်တယ် ” ဟု ပြောသည်။

၎င်းနေရာကို ယခင် အစိုးရလက်ထက်က မြေပြိုဇုံအဖြစ် သတ်မှတ်ထုတ်ပြန်ခဲ့တာဖြစ်ပြီး ယခုတွင် လက်ရှိ အခြေအနေမှန်ကို သိရှိစေရန် အတွက် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက လာရောက်ပြီး ကွင်းဆင်းမှုများ ပြုလုပ်စေလိုကြောင်း ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဆွေကပြောသည်။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...