အလုပ်မလုပ်သည့် ဌာနဆိုင်ရာများကို ထိရောက်စွာအရေးယူသွားမည်

အလုပ်မလုပ်သည့် ဌာနဆိုင်ရာများကို ထိရောက်စွာအရေးယူသွားမည်
by -
ကန္တာရဝတီတိုင်း(မ်)
အစိုးရသစ်လက်ထက်တွင် အမှန်တကယ် အလုပ်မလုပ်သော ဌာနဆိုင်ရာများကို လုပ်ထုံးလုပ်နည်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု ပြည်နယ်ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုက လူထုနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

လက်ရှိကယား(ကရင်နီ) ပြည်နယ်သည် ဖွံ့ဖြိုးမှု့ နောက်ကျသောပြည်နယ် တစ်ခုအဖြစ်ရပ်တည်နေပြီး သက်ဆိုင်ရာ မြို့နယ်အသီးသီးတွင်လည်း အစိုးရဌာနများ မြို့အင်္ဂါရပ်နှင့် ညီညွှတ်သော အဆောက်အုံ၊ နေရာထိုင်ခင်းများမရှိဘဲနောက်ကျ ကျန်နေခဲ့ခြင်းမှာ ဌာဆိုင်ရာများက အလုပ်လုပ်ရာတွင် ပေါ့လျော့မှု့ရှိနေခြင်း နှင့် အလုပ်မလုပ်သော ဌာနများရှိနေခြင်းတို့ကြောင့် ဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောသည်။

“ဆိုင်ရာဆိုင်ရာဌာနတွေမှာလည်းလုပ်ထုံးလုပ်နည်ူဥပဒေတွေ ရှိပြီးသားဖြစ်ပါတယ် ဘယ်လိုတိုးတတ်အောင်လုပ်ရမလဲဆိုတာ သိပြီးသားဖြစ်လို့ ခင်ဗျာတို့ဌာနတွေ မှာဒီရာထူးတွေ ရလာပြီးသားဖြစ်တယ် အရင်ပြီးခဲ့တာတွေကိုသင်ခန်းစားယူပြီးမောတ္တာစေ တနာထားပြီးလုပ်ကြပါ ဒီလိုမလုပ်ရင် မလုပ်တဲ့ ဌာနကိုဝန်ထမ်းစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ထိရောက်စွာ အရေးယူမှာဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင် အမြဲကွင်းဆင်းစစ်ဆေးနေမှာပါ ″ဟု ဝန်ကြီးချုပ်က လူထုနှင့်တွေ့ဆုံပွဲတွင် ဌာနဆိုင်ရာများကို သတိပေးပြောကြားသွားသည်။

အစိုးရသစ်အနေဖြင့် ယခင်ကရှိခဲ့သော စနစ်ဆိုးများကို ပြုပြင်ကာ ပြည်သူလူထုဘက်မှ ရပ်တည်ပြီး အခုလို လေးထားကိုင်တွယ်မှုများပြု လုပ်မယ့် အစီစဉ်များ မှာ အလွန်ကောင်းမွန်ပြီး ပြည်နယ်ဖွံ့ဖြိုးလာရန်မျော်လင့်ကြောင်း ဖရူဆိုမြို့နယ် ဒေသခံ ဦးကျော်ဝင်းကပြောသည်။

" ဌာနဆိုင်ရာတွေကိုအခုလိုစည်းကမ်းတွေ ဥပဒေတွေနဲ့ အညီထိန်းကျောင်းဖို့က အရင်ကတည်းကလိုနေတာလေ အခုလိုသတိပေးတာတွေကို ဝန်ကြီးချုပ်ကလည်း တကယ်အရေးယူပေးဖို့တော ့လိုတာပေါ့ ″ဟု ဦးကျော်ဝင်းက ကန္တာရဝတီတိုင်း(မ်)သို့ပြောသည်။

မေလ (၁၇)ရက်နေ့ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့် ပြည်သူလူထုတွေ့ဆုံပွဲကိုဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့တို့တွင် ပြုလုပ်ခဲ့ပြီး အခုလိုသတိပေးပြောဆိုမှု့တွေ ပြုလုပ်ခဲ့တာဖြစ်သည်။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...