ကလေးသူငယ် အခွင့်အရေး ဆိုင်ရာပညာပေး ဗီဒီယို မှတ်တမ်း ပြိုင်ပွဲ ပြုလုပ်

ကလေးသူငယ် အခွင့်အရေး ဆိုင်ရာပညာပေး ဗီဒီယို မှတ်တမ်း ပြိုင်ပွဲ ပြုလုပ်
by -
ကန္တာရဝတီတိုင်း(မ်)
ကလေးသူငယ် အခွင့်အရေး မြင့်တင်ရေးအတွက် ပညာပေး ဗွီဒီယိုမှတ်တမ်းပြိုင်ပွဲကို Save the Children International နှင့် ကယားပြည်နယ်လူမှုအဖွဲ့အစည်း ဖြစ်သည့် ကိန္နရာ၊ ကယားဖူး တို့နှင့် ပူးပေါင်း ပြုလုပ်နေကြောင်းသိရသည်။

children video“ကျေးလက်နေ ကလေးများကို အတန်းပြီးဆုံးအောင် ကျောင်းနေခွင့်ပေးပါ” ခေါင်းစဉ်ဖြင့် မှတ်တမ်းကို မြန်မာဘာသာအပြင် မိခင် ကယားဘာသာ များဖြင့် ရိုက်ကူးတင်ဆက် ရမည်ဖြစ် ပြီး မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင် ကြောင်းသိရသည်။

“အစ်မတို့က Document ရိုက်လိုက်တဲ့အချိန်မှာ ကယားဘာသာစကားဖြစ်ဖြစ် ရိုက်လိုက်တဲ့အချိန်မှာ မြင်လိုက်တော့ သူတို့ ပိုပြီးတော့ နားလည်မှုရှိစေဖို့အတွက်ပေါ့နော အဓိက ကတော့ အသိပညာပေးဖို့အတွက် ဒီ ဗွီဒီယိုမှတ်တမ်းကို ရိုက်ကူးရတာပေါ့နော” ဟု ပြောသည်။

မှတ်တမ်းဗွီဒီယိုအတွက် ကြာချိန်မှာ အနည်းဆုံး ၃ မိနစ်ကနေ အများဆုံး ၅ မိနစ်ထိဖြစ်သည်။

ပြိုင်ပွဲဝင်လိုသည့် ဝါသနာရှင်များအနေနှင့် ပြိုင်ပွဲဝင်စာရင်းများကို ယနေ့မှစ မေလ ၃၀ရက်နေ့ထိ ပေးပို့ စာရင်းသွင်းနိုင်ပါကြောင်း သိရှိရသည်။

မှတ်တမ်းဗွီဒီယို ရိုက်ကူးရန် အတွက် ၁၉ရက်နေ့ မေလမှစပြီး ၁၇ရက် ဇွန်လထိ ဖြစ်သည်။

သဘောတူညီချက်အနေနှင့် ၎င်းရိုက်ကူးပေးပို့ပြီးသော ဗွီဒီယိုဖိုင်များသည် ဆုရရှိသည်ဖြစ်စေ မရရှိသည်ဖြစ်စေ ကလေးသူငယ်များနှင့် မိဘများကို အသိပညာပေးကဏ္ဍတွင် ပြန်လည်အသုံးပြု မည်ဖြစ်သည်။

၎င်းပြိုင်ပွဲကို ကျင်းပခြင်းဖြင့် ကလေးသူငယ်တိုင်း ပညာသင်ယူခွင့် နှင့် အတန်းတိုင်းကို ပြီးဆုံးအောင်တက်ရောက်နိုင်ရန် အပြင် ကလေးသူငယ်အခွင့်အရေး အတွက် မိဘများကို အသိပညာပေးရန် အတွက် ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...