၂၀၁၆-၁၇ ပညာသင်နှစ်အတွင်း စာသင်ကျောင်းဆောင်သစ် ရ၀ ဆောက်လုပ်မည်

၂၀၁၆-၁၇ ပညာသင်နှစ်အတွင်း စာသင်ကျောင်းဆောင်သစ် ရ၀ ဆောက်လုပ်မည်
by -
ကန္တာရဝတီတိုင်း(မ်)
၂၀၁၆ -၁၇ ပညာသင်နှစ်အတွင်း ကယား(ကရင်နီ) ပြည်နယ်အတွင်း စာသင်ကျောင်း ဆောင်သစ် ပေါင်း ရ၀ ကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ကယားပြည်နယ်ပညာရေးမှူးရုံး မှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလွင်က ပြောသည်။
build school roks
2016-17 ပညာသင်နှ်စ်အတွက် အစိုးရ ချပေးသော ဘတ်ဂျယ်ငွေ
စာရင်း (ကိုးကား- ကယားပြည်နယ် ပညာရေးမှူးရုံး ဒုတိယညွန်မှူး)

ဆောက်လုပ်မည့်ကျောင်းဆောင်များကို အရွယ်အစားအကြီးအသေး အလိုက် ကုန်ကျ စရိတ် အမျိုးမျိုးကွဲပြားမည်ဖြစ်ကြောင်းလည်းဆိုသည်။

၎င်းကျောင်း ဆောင် ရ၀ အတွက် ပြည်ထောင်စုဘတ်ဂျက်မှ ကျပ်ငွေ သန်း ပေါင်း ၂၀၂၀ ဒသမ ၅ သန်း ရရှိထားပြီးဖြစ်ကြောင်းသိရသည်။ ယခုခါ ပြညနယ်အစိုးရ၏ ကြီးကြပ်မှုဖြင့် တင်ဒါခေါ်ယူကာ အကောင်ထည်ဖော်ဆောင် ရွက်တော့မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ကျောင်းဆောင်သစ် အတွက် မူလတန်း ကျောင်းခွဲ အဆင့်ရှိသည့် ကျောင်းများ၌သာလျှင် ချပေးသွားနိုင် မည်ဖြစ်ကြောင်းသိရသည်။

ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အပြင် ကျောင်းပရိဘောက အတွက် ကျပ်ငွေ ၉၃ ဒသမ ၈၈၄ သန်းကို လည်း ပြည်ထောင်စုဘတ်ဂျက်မျ ခွဲဝေပေးထားကြောင်းလည်းသိရသည်။

ထို့ပြင် ကျောင်းသုံး ဗလာစာအုပ်များကို မူလတန်း ကျောင်းသားများအတွက် တစ်ဦးလျှင် ၆ အုပ်စီ အခမဲ့ ပေးဝေသွားမည်ဖြစ်သည်။

လေပြင်းကြောင့် ပျက်စီးဆုံးရှုံးသွားသည့် စာသင်ကျောင်းများကိုလည်းပြင်ဆင်ခြင်း၊ သန့်စင်ခန်း၊ရေ နှင့် ခြံစည်းရိုးများကို လည်းပြုပြင် ဆောက်လုပ်ရန်အတွက် ဘတ်ဂျက်ငွေ အသီးသီးချထားပေးကြောင်းသိရသည်။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...