လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဖရူဆိုမြို့နယ် သိုးသီဖိုအုပ်စုအတွင်း ရေရရှိရေး ဆောင်ရွက်မည်

လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဖရူဆိုမြို့နယ် သိုးသီဖိုအုပ်စုအတွင်း ရေရရှိရေး ဆောင်ရွက်မည်
by -
ကန္တာရဝတီတိုင်း(မ်)
လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဖရူဆိုမြို့နယ်အတွင်းက သိုးသီဖို ကျေးရွာအုပ်စုအတွင်း ရေရရှိရေးအတွက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေး လက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန မှ ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းပြီး လူထုဗဟိုပြုစံမံကိန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်း လူထုစည်းရုံးရေးမှူး ဦးစောအောင်ငြိမ်းကပြောသည်။

tiphoti“သုံးရွာကို ရေပိုက်သွယ်မယ် ရေကန်ဆောက်မယ်ပေါ့နော။ ၆လပိုင်းလောက်ဆိုရင် ရေရောက်လောက်ပါပြီ။ သူတို့ဘက်မှာလည်း မူတည်တယ်ပေါေ့နာ။ ဒီထက်စောရင်လည်း စောမယ်ပေ့ါ” ဟု ပြောသည်။

လက်ရှိတွင် သိုးသီဖို ကျေးရွာအုပ် စုအတွင်း သောက်သုံးရေ ရှားပါးမှု ဖြစ်နေပြီး ဒေသ ခံများမှာ ရေရရှိရေးအတွက် နှစ်နာရီခန့် လမ်းလျောက်ရသည့် ရေထွက်ပေါက်ဆီမှ ရေကို ခပ်ယူနေကြရကြောင်း သိရသည်။

“သူတို့ခပ်တဲ့ နေရာဆိုရင် ကမ်းပါးလိုမျိုးလေး။ အဲ့လိုမျိုးဆိုရင် ဆင်းမယ်ဆိုရင် မိုးရာသီမှာ ကလေးအတွက်ဆိုရင် နည်းနည်းတော့ ကြောက်စရာကြီးပေါ့နော။ အဲ့ဒေသဘက်က နွေရာသီမှာဆိုရင် အခက်ခဲဆုံးက ရေပေါ့နော” ဟု ဦးစောအောင်ငြိမ်းကဆက်ပြောသည်။

ယခင်က နွေရာသီတွင် စိမ့်စမ်းရေသို့ သွားရောက်၍ ရေခပ်ရသော်လည်း ယခုနှစ်တွင် ရာသီဥတုပိုမို ပူပြင်းသောကြောင့် စိမ့်စမ်းရေအရင်းအမြစ်တွင်ပင် ရေခမ်းခြောက်လုနီးနေပြီ ဖြစ်ကြောင်း သိရသည်။

လူထုဗဟိုပြုစီမံကိန်း ကျေးလက်ဦးစီးဌာနမှ ၎င်းတို့အုပ်စုအတွက် ရေပိုက်များနှင့် ရေသွယ်ပေးမည်ဖြစ်ပြီး ရေလှောင်ကန်များကိုလည်း ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကယား(ကရင်နီ)ပြည်နယ်တွင် နေရာအနှံ့ ရေရှားပါးနေသောကြောင့် အချို့အခက်အခဲများနေသော ကျေးရွာများသို့ အစိုးရအဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ရေအလှူရှင်များ စသည်တို့က ကိုယ့်အစီအစဉ်နှင့်ကိုယ် သွားရောက်လှူဒါန်းမှုများ ရှိကြောင်း သိရသည်။

၎င်းသိုးသီဖို အုပ်စုအတွင်း ရေရှားနေသည့်အပြင် လမ်းပန်းဆက်သွယ်ရေးမှာလည်း ခက်ခဲနေကြောင်း ဒေသခံတဦးဖြစ်သည့် ကိုရွှေထူးကပြောသည်။

“ပြောချင်တာကတေ့ာ အစိုးရတွေအနေနဲ့ လာကြည့်သင့်ပြီ၊ ဖောက်ထားတဲ့လမ်းတွေက အတက်အဆင်း မတ်စောက်လွန်းနေတယ်။ ခက်ခဲလွန်းနေတယ်။ အဆင်ပြေအောင် လုပ်ပေးစေချင်နေတာ”ဟု ကိုရွှေထူးကပြောသည်။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...