၀င်းရော်ဒေသ လှိုင်ထောင်ဖလမေ ရေတံခွန်သွားလမ်းကို တာဝန်ရှိသူများမှလာရောက်ပြုပြင်ပေးရန် ဒေသခံများလိုလားနေ

၀င်းရော်ဒေသ လှိုင်ထောင်ဖလမေ ရေတံခွန်သွားလမ်းကို တာဝန်ရှိသူများမှလာရောက်ပြုပြင်ပေးရန် ဒေသခံများလိုလားနေ
by -
ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံခဝန်ကျေးရွာ အနောက်ဘက် တောင်ညိုတောင်တန်းပေါ်တွင် တည်ရှိသည့် လှိုင်ထောင်ဖလမေ ရေတံခွန်တွင် လာရောက်အပန်းဖြေသူများလာသည့်အတွက် သွားလာရေးအဆင်ပြေစေရန် ရေတံခွန်သွားလမ်းကို  အစိုးရတာဝန်ရှိသူများမှ လာရောက်ပြုပြင်ပေးစေလိုကြောင်း ဒေသခံကျေးရွာတာဝန်ရှိသူများက ပြောသည်။

“ဒီနှစ်လာရောက်အပန်းဖြေသူများလာတယ်။ လမ်းကြမ်းတော့ သွားလာသူတွေအခက်အခဲရှိတယ်။ ရွာသားတွေနဲ့စုပေါင်းပြီး ပြင်ပေးနေတယ်။ ရွာလုပ်အားနဲ့ဆိုတော့ အများကြီးမလုပ်နိုင်ဘူးပေါ့လေ။ တာဝန်ရှိသူတွေအနေနဲ့ လမ်းလေးတစ်လမ်းလောက် အကူအညီရလိုချင်ပါတယ်”ဟု ကျုံခဝန်ကျေးရွာ အုပ်ချုပ်ရေးမှူး စောစိုးသိန်းကနို၀င်ဘာ(၄)ရက်နေ့တွင်ကေအိုင်စီသို့ပြောသည်။

အမြင့်ပေ(၂၀၀)ကျော်ရှိကာ တစ်နှစ်လုံးရေစီးဆင်းနေသည့် ၎င်းရေတံခွန်ကို ရက်ကြီးခါကြီးတွင် နေ့စဉ်လူတစ်ရာကျော်အထိ လာရောက်အပန်းဖြေကြပြီး လာရောက်အပန်းဖြေသူများ အဆင်ပြေသွားလာနိုင်ရန် ကျေးရွာလုံခြံုရေးအဖွဲ့မှ တာဝန်ယူထားသလို ကျေးငှက် သတ္တဝါမျိုးစိတ်ပေါင်းစုံ၊ အပင်မျိုးစိတ်အများအပြားလည်း သဘာဝဘေးမဲ့အဖြစ် ထိန်းသိမ်းထားသည်ဟု ၎င်းကဆက်ပြောသည်။

ထို့အပြင် ယင်းလှိုင်ထောင်ဖလမေရေတံခွန်ကြီး၏ တောင်ဘက်ခြမ်း ၄ဖာလုံအကွာတွင် အမြင့်ပေ(၁၀၀)ကျော်ရှိ နှစ်ထပ်ဆင့်စီးဆင်းနေသည့် လှိုင်ထောင်ယဖလာရေတံခွန်ကြီးတစ်ခုနှင့် ရေတံခွန်ငယ်(၃)ခုရှိသေးသည်ဟုလည်း ဒေသခံရွာသားများ၏ ပြောပြချက်အရသိရသည်။

ခလယ်ကျေးရွာမှ စောငယ်ထွေးက“ကျနော်ရောက်ဖူးသမျှဒီရေတံခွန်က သဘာဝအရမ်းကျတယ်။ နွေရာသီမှာတောင် ရေကတလဟော စီးဆင်းနေတယ်။ သစ်တောတွေ စမ်းချောင်းတွေ ကျေးငှက်သတ္တဝါမျိုးစုံကအစ နှစ်ရှည်ထိန်းသိမ်းထားတော့ကိုယ့်အတွက် အထူးအဆန်းတွေကြီးပဲ မြင်နေရတယ်။ တာဝန်ရှိသူတွေအနေနဲ့ လမ်းလေးပြင်ပေးလိုက်ရင် ကမ္ဘာလှည့်ခရီးသွားသူတွေအတွက် စိတ်ဝင်စားစရာနေရာတစ်ခု ဖြစ်လာမှာသေချာတယ်” ဟုပြောသည်။

၎င်းကိစ္စအပေါ် ကြာအင်​းဆိပ်​ကြီးမြို့နယ်​ အမျိုးသားလွှတ်​​တော်​ကိုယ်​စားလှယ်​ ​စောယှားဖောင်​အွာ က “ရေတံခွန်​ကိုသွား​ရောက်​​လေ့လာသွားမယ်​။ ဘာ​တွေလိုအပ်​ချက်​​တွေရှိ​​နေတာလဲ။ ခရီးသွားပြည်​သူ​တွေ အဆင်​​ပြေ​ပြေနဲ့ လာ​ရောက်​လည်​ပတ်​နိုင်​​အောင်​ အချက်​လက်​ပြုစုပြီး ပြန်​လည်​တင်​ပြ​ပေးသွားမယ်​။”ဟုကေအိုင်စီသို့ ပြောသည်။

ကျံုခဝန်ကျေးရွာ၏ အနောက်ဘက် (၅)မိုင်အကွာရှိ လှိုင်ထောင်ဖလမေရေတံခွန်သည် ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်၏ ထိန်းချုပ်မှုနယ်မြေတွင် တည်ရှိပြီးယခုနှစ် ၂၀၁၆ခုနှစ်မှသာစတင်ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

May 30, 2026
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ညအချိန် ဆိုင်ကယ်များကို ဆူညံစွာ...
Photo: กิตติศักดิ์ บุญจันทร์ FB
May 29, 2026
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်၊ မြဝတီ-မဲဆောက် အမှတ် (၂) ကုန်သွယ်ရေးတံတားကို မေလ ၂၈ ရက်...
May 29, 2026
နန်းဝေဖြိုးဇာ — ‘တိုင်းပြည်၏ အနာဂတ်’ ဟု တင်စားခံရသည့် လူငယ်များသည် လမ်းမများပေါ်ရှိ...
CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...