အဆိုပါ ဘောလုံးပြိုင်ပွဲကိုတောင်ကိုရီးယားနိုင်ငံရှိမြန်မာအသင်းအဖွဲ့ကဦးဆောင်ပြီးဇူလိုင် ၃ ရက်နေ ့မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲသို ့အသင်း ၂၆ သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတောင်ကိုရီးယားရောက် ကရင်လူငယ်များဖြင့် စုဖွဲ့ထားသည့် ကရင်လူငယ် အစည်းအရုံး(KYO-ကိုရီးယား) ကိုယ်စားပြု ကရင် လူငယ်အသင်းကဗိုလ်စွဲခဲ့ခြင်းဖြစ်သည်ဟု အဖွဲ့အတွင်းရေးမှူးစောထွန်းထွန်းကပြောသည်။
“ အရမ်းဝမ်းသာတာပေါ့။KYO ကိုရီးယားအဖွဲ့က ညီအကိုတွေရဲ့ စည်းလုံးမှုကို ပြတာလဲဖြစ်ပါတယ်။ အခုလိုဖလားရတာဟာ KYOကိုရီးယားအဖွဲ့တင်မက ကျွန်တော်တို့ကရင် လူမျိူ းတွေရဲ့ဂုဏ်သိက္ခာပါမြှင့်တင်သွားတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်” ဟု၎င်းက ကေအိုင်စီသို ့ပြောသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ကရင်လူငယ်အသင်းဗိုလ်စွဲခဲ့သလို၊ALL Star အသင်းကဒုတိယနှင့် ဥဿာ အသင်းကတတိယ အသီးသီးရရှိသွားပြီး ပွဲစဉ်တလျှောက် အကောင်းဆုံးသမားဆုကို ကရင်ပြည်နယ် ဖားအံမြို့၊ကော့ကူးကျေးရွာသားစောဂနိုင်စော၊ ရှေ့တန်း အကောင်းဆုံးသမားဆုကို ဖားအံမြို့ကော့ကူးကျေးရွာမှ စောဘူး(ခေါ်)စောညဏ်လင်း တို့ရရှိခဲ့သည်။
၁၆ ကြိမ်မြောက်မြန်မာအသင်း(ကိုရီးယား) ဖလားပြိုင်ပွဲသို ့ကရင်လူငယ်အသင်းအပါအဝင်အခြားသော ချင်း၊ ထားဝယ်၊ ရခိုင်၊ ပအိုဝ့် စသည့် ကိုရီးယားနိုင်ငံရောက် မြန်မာတိုင်းရင်းသားများဖြင့်ဖွဲ့စည်းထားသည့် အသင်းများလည်းပါ၀င်ယှဉ်ပြိုင်ကစားခဲ့ကြောင်းသိရသည်။
ပထမဆုရရှိသွားသည့် ကရင်လူငယ်အသင်းမှာဖလားအပါအဝင် ဆုကြေးငွေ ကိုရီးယားဝမ်၅သိန်း (ကျပ်၄ သိန်း ရ သောင်းခန့်)ကိုဆွတ်ခူးရရှိသွားသလို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ၁၄ ကြိမ်မြောက် မြန်မာအသင်း (ကိုရီးယား)ဖလားဘေလုံးပြိုင်ပွဲတွင်လည်း ကရင်လူငယ်အသင်းကဗိုလ်စွဲခဲ့ဖူးကြောင်းသိရသည်။







